24

1.5K 108 6
                                    

Unicode

"ရှောင်းကျန့် ထမင်းစားမယ်"

ဖုန်းတလုံးနဲ့ အလုပ်ရှုပ်လို့မပြီးသေးတဲ့ ရှောင်းကျန့်ကို ထမင်းစားဖို့ ကျိုးချန်လှမ်းခေါ်တော့ ထလာပြီး ထမင်းစားတယ်။
ရှောင်းကျန့်ရဲ့ လှုပ်ရှားမှုတွေက အသက်မရှိတဲ့ စက်ရုပ်တစ်ရုပ်လို..

အခုဆို ရိပေါ်ပျောက်သွားတာ နှစ်လရှိပြီ။
ရှောင်းကျန့်က ရိပေါ်ပျောက်သွားသွားချင်းညမှာ အကြီးအကျယ်ပြိုလဲ‌ကြေကွဲခဲ့ပြီး နောက်နေ့မနက်မှာတော့ ချက်ချင်းပြောင်းလဲသွားခဲ့တယ်။

အရင်ရှောင်းကျန့် လုံး၀ပျောက်ကွယ်လို့ အရယ်အပြုံးမရှိတဲ့ရှောင်းကျန့်၊ အလုပ်ပြီးတာနဲ့ ရိပေါ်ကို ရှာဖို့အတွက် စိတ်အားထက်သန်နေတဲ့ရှောင်းကျန့်သာ ကျန်ခဲ့တယ်။

အရင်ရှောင်းကျန့်ဟာ အမြဲစမတ်ကျကျနဲ့ စတိုင်မိမိ နေတတ်သော်လည်း အခုရှောင်းကျန့်ကတော့ မုတ်ဆိတ်မွှေးတွေမရိတ်တာကြောင့် ညှင်းသိုးသိုးနဲ့။
အသက်မဲ့နေတဲ့ မျက်၀န်းတွေကလည်း အရောင်မှိုင်းလို့ မြင်ရသူတိုင်းကို စိတ်မကောင်းဖြစ်စေတယ်။

လူကသာ အဲ့လိုဖြစ်နေလို့လည်း အလုပ်ကိစ္စတွေမှာ တစ်ချက်မယို့ယွင်း။
သည်းညှာပိုင်ဆိုင်မှုတွေကို သူ့ကြောင့်နဲ့ မထိခိုက်စေရဘူးတဲ့။

အလုပ်တွေဖိလုပ်တယ်၊ အားတဲ့အချိန်တိုင်း ရိပေါ်ကို ရှာတယ်။
အရမ်းလွမ်းလာတဲ့နေ့တွေဆို အရက်တွေမူးအောင်သောက်ပြီး အော်ငိုတယ်။
ရိပေါ်ပျောက်သွားထဲက ပုံမှန်မဟုတ်တဲ့ ရှောင်းကျန့်ကို စိတ်မချလို့ ဖန်ရှင်း၊ယွီပင်း၊ ကျိူးချန်ရယ်က တစ်လှည့်စီလာနေပေး‌ဖြစ်တယ်။
ယွီပင်းကတော့ အနေအများဆုံးပေါ့။

အကျိုးအကြောင်းစုံကို သိပြီးတဲ့ အခါမှာတော့ ကျိုးချန်ဟာ စိတ်ဆိုးမိသေးတယ်။
ပြဿနာဖြစ်နေတုန်းက အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်၊ ဆရာ၀န်ဖြစ်တဲ့ သူ့ကို ဘာမှ အသိ‌မပေးဘဲ ကြိတ်ဖြေရှင်းတယ်။ အသိပေးဖော်မရတာမို့ တော်တော်လည်း စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ရစ်သင့်တဲ့ အချိန်မဟုတ်တာကြောင့် ကျိုးချန်တစ်ထစ်လျှော့ထားတာ။ နောက်မှတွေ့ပါအုံးမယ်။

It's You - 바로 너 - ReuploadWhere stories live. Discover now