Chae မ လိုက်ပို့လို့ ဆေးရုံကို ရောက်လာခဲ့သည်။ ညနေပိုင်းပဲ ဂျုတီထိုင်ရမှာ ဖြစ်ပေမဲ့ အိမ်မှာလဲ Chae တစ်ယောက်ထဲမလို့ ဆေးရုံမှာပဲနေဖို့ ဆုံးဖြတ်လိုက်သည်။ မ ကလဲအိမ်ကိုတစ်ယောက်ထဲပြန်မှာ စိတ်မချတာမလို့ ဆေးရုံမှာပဲ နေလိုက်တာ ကောင်းပါသည်။
Chae ရေချိုးပြီးတော့ ဖုန်းလာနေတာမလို့ ကြည့်လိုက်တော့ Jen ဖြစ်နေသည်။" Hello မမ"
" Hello Chae အခုအိမ်မှာလား"
" ဆေးရုံမှာ ညနေကျပြန်ရင်လဲ အိမ်မှာတစ်ယောက်ထဲမလို့ ဆေးရုံမှာပဲ နေမလို့ Jen"
" Omma တို့က စိတ်ပူနေလို့ ဖုန်းဆက်ခိုင်းလို့ Chae"
" Jen ကရော Chae ကိုစိတ်မပူဘူးပေါ့"
" ကြည့် မမရဲ့ညီမလေးကို စိတ်မပူဘဲနေပါ့မလားရှင့်"
" မမ က Lisa ကိုပဲချစ်တာလေ
Chae ကိုချစ်တာမှ မဟုတ်ဘဲ"" မမ က Chae ကိုချစ်တာပေါ့
LiLi ညကပြောတယ် Chae ကိုဆူထားတယ်တဲ့
အာ့ကြောင့် မမတောင်သူ့ကို ပြန်ဆူလိုက်သေးတယ်"" ဟုတ်လို့လား Jen"
" ဟုတ်ပါ့ မယုံရင် LiLi မေးကြည့်ပါလား"
" မမေးပါဘူး
ဟီး ဟီး အာ့ကြောင့် Chae က Jen ကိုချစ်နေရတာ"" ဟုတ်ပါပြီ အချွဲလေးရယ်
LiLi နဲ့အကြာကြီး မခေါ်ဘဲမနေနဲ့နော်"" မသိဘူး
သူအရင် Chae ကိုလာအော်တာ"" သဘောပါပဲရှင်"
" Appa တို့က ဘယ်တော့ပြန်လာမှာလဲဟင်"
" နောက်တစ်ပတ်မှ ထင်တယ်"
" ဟင် အာ့လောက်ကြီးကြာအုံးမှာလား"
" LiLi ကနောက်အပတ်မှပြန်မှာတဲ့
နောက်ပြီး Appa တို့က အတင်းဒီမှာခေါ်ထားတာ
Appa တို့က ဒီတစ်ပတ်ထဲပြန်မယ်ဆိုတာ မရဘူး"" အာ့တာ Lisa သပ်သပ်ညစ်ပတ်တာ
Chae ကိုအိမ်မှာတစ်ယောက်တည်းနေရအောင် လုပ်တာ"" အာ့လို မဟုတ်ပါဘူး
Jen နဲ့က ဝေးနေတာကြာပြီမဟုတ်လား
အာ့ကြောင့် ကြာကြာရှိစေချင်လို့ပါ"" အင်းပါ
မမ Chae ဆီပြန်လာလည်မယ် မဟုတ်လားဟင်"" မလာပါဘူး မမဆီမှာ တစ်ပတ်ပြည့်အောင် မနေတဲ့ ညီမလေးဆီကို"
YOU ARE READING
The Only Exception
Fanfictionဘယ်သူ့ကိုမှ မချစ်ရဲတော့လို့ အချစ်ဆိုတဲ့အရာကြီးကို ဝေးဝေးက ရှောင်ခဲ့တယ်။ ဒါပေမဲ့ Rosie မင်းကိုတော့ ချစ်မိသွားပြီ ထင်တယ်