[Unicode]
" Jung Hoseok Jung Hoseok"
အိမ်အပေါ်ထပ် အခန်းထဲကနေ အကိုထယ့်ရဲ့အော်ခေါ်သံကိုကြား
ရတော့ ဟိုဆော့ တစ်ယောက် မီးဖိုချောင်ထဲကနေ
အမြန်ပြေးထွက်ပြီးအပေါ်ထပ်ကို
လျင်မြန်စွာပြေးတက်လာသည်။"အကို ဘာခိုင်းစရာရှိလို့လဲဟင် "
ထယ်တစ်ယောက် သူ့နားကိုအမောတကော ပြေးလာတဲ့ဟိုဆော့ကို စိတ်ပျက်သလိုကြည့်ပြီး
"ငါအလုပ်သွားဖို့ ထုတ်ပေးထားတဲ့အင်္ကျီက
ကျေတွန့်နေတာပဲ ငါကဒါဝတ်ပြီးဘယ်လိုသွားရမှာလဲ""အကို seokieလည်းသေချာတိုက်ထားတာပါ"
"ပြောလိုက်ရင်မင်းကမှန်နေတာပဲ နောက်ပြီး
လက်ကြောကမတင်းဘူး""seokie တောင်းပန်းပါတယ် နောက်ထပ်သေချာပြန့်နေအောင် ထပ်တိုက်ပေးပါ့မယ်"
"ငါ့မှာမင်းကိုပြီးအောင်စောင့်နေဖို့အချိန်မရှိဘူး
Jung Hoseok ဗီရိုထဲကအဆင်ပြေမဲ့ဟာသာထုတ်ပေးတော့""ဟု..တ် အကို"
ဟိုဆော့တစ်ယောက် ထယ်ယောက်အတွက်
အဝတ်အစားထုတ်ပေးပြီးတာနဲ့
မနက်စာ အဆင်သင့်စာရန် အောက်ထပ်ကိုပြေးဆင်းပြီး
ပြင်ထားလိုက်တယ်။ ခဏကြာတော့ ထယ် အလုပ်အိတ်ကို
ကိုင်ကာ အောက်ထပ်သိုဆင်းလာသည်။ ထမင်းစားပွဲရဲ့ထိပ်ဆုံးခုံမှာနေရာယူလိုက်ပြီး စားပွဲပေါ်က ပြင်ဆင်ထား တဲ့အရာတွေကိုကြည့်လိုက်တယ်။"မနက်စာ ဘယ်သူ လုပ်ထားတာလဲ"
"ဟို seokie ကိုယ်တိုင် အကိုစားဖို့လုပ်ပေးထားတာပါ"
"အဒေါ်ကြီး ဒါကိုအမှိုက်ပုံးထဲသွန်ပြီး
ကျွန်တော့်အတွက် ကြက်ဥထမင်းကြော် ထပ်လုပ်ပေးပါ"ဟိုဆော့အကိုစကားကြောင့် အံ့ဩသွားတယ်။
ဒါကိုသူသေချာလုပ်ပေးထားတာ အကိုနဲ့မယူခင် မေမေတို့နဲ့နေတုန်းက ဟင်းချက်ဖို့မပြောနဲ့ ဟိုဆော့တစ်ယောက် ခေါက်ဆွဲပြုတ်တောင်ကိုယ်တိုင်မပြုတ်ဖူးပါ။
အကိုနဲ့လက်ထပ်မှ သူအကို့ရဲ့ ဝေရာဝစ္စအကုန်ကို
သူအစွမ်းကုန်ကြိုးစားပြီးလုပ်ပေးသည်။
အခု ကြက်ဥကြော်တော့လည်း ဆီတွေက သူလက်တွေကိုလာစင်သည် ဒါတွေကိုဂရုမစိုက်ပဲ အကိုအတွက် လုပ်ပေးထားတဲ့ ဟာကို အခု အမှိုက်ပုံးထဲကိုသွန်ခိုင်းနေပါလားအကိုရယ်။