ဖြစ်ပုံက ဒီလို....
ပြောရမယ်ဆို သူက အတန်းရဲ့ ချဉ်ဖတ်လို့ ပြောလို့ရတယ်....
လိုရင်တစ်မျိုး မလိုရင် တစ်မျိုး မျက်နှာများတဲ့ သူ ...အဆောင်မှာ နှစ်ပေါက်တည်း ရှိတဲ့ ပလပ်ပေါက်ကိုလည်း သူပဲ အမြဲ အပိုင်စီးထားတာ.....
(အမှန်ကအဲပလပ်ပေါက်က မီးပူတိုက်ဖို့ပဲ ပေးထားတာ ဖုန်းအားသွင်းဖို့ဆို သပ်သပ် အခန်းထားပေးတာ ဒါပေမဲ့ နေ့လည်မှ သွားရတော့ ငါတို့လို့ ဖုန်းကြည့်များတဲ့ လူတွေကတော့ အဆောင်မှာလည်း ခိုးသွင်းကြတာ)
အဲခုံပေါ်လည်း သူ့ပစ္စည်းပစ္စယတွေ အကုန်တင်ထားတော့ မီးပူတိုက်ချင်ရင် သူပစ္စည်းတွေ ဖယ်ပေးဖို့ အမြဲတမ်း ပြောရတယ်။အဲလိုပြောရင်လည်း အမြဲဆောင့်လိုက် အောင့်လိုက် လုပ်တော့ ကြာတော့ ဘယ်သူမှ မတိုက်ကြတော့ဘူး။
စာမေးပွဲနီးလို့ စာကျက်ကြရင်လည်း အဲခုံနား သွားကျက်ရင် သူများကျက်မရအောင် အသံဗြဲရီးနဲ့ ထထအော်ကျက်တာ။။ နောက်ကျတော့ ဘယ်သူ့မှ အဲနား သွားမကျက်ကြတော့ဘူး။
ထမင်းခူးတာ တောင်ဆေးရုံသွားဖို့ ကားစီးရပြီဆို သူ့ခန္ဓာကိုယ်ကြီးနဲ့ သူများကို တွန်းဖယ်ပြီး ခူးတာ တက်တာ...
ဒါပေမဲ့ လက်တွေ့ဆင်းရလို့။ မနက်ဆေးရုံမသွားခင် lecture လိုက်ရလို့ မနက် assembly စီရပြီဆို သူနောက်ကျပြီ...
ကျောင်းမှာ လုပ်အားပေးတာတို့ သန့်ရှင်းရေးလုပ်ရပြီဆိုလည်း သူနောက်ကျတယ်.....
ညညဆိုလည်း အပြင်မှာ ဂိမ်းထိုင်ဆော့ပြီး အော်ဆဲ တစ်ခါတစ်လေ လူတောင် လန့်နိုးတယ်...
ဘုရားခန်းနဲ့ ကျမတို့အခန်းနဲ့ က သုံးထပ်သားပဲ ခြားတော့ ဘုရားခန်းထဲက ပြောသမျှစကားတွေ ဘုရားစာရွတ်တာတို့ဆို အတိုင်းသားကြားနေရတာ...
ဘုရားခန်းကိုမှ ဘုရားမရှိခိုးပဲ ည၁၀နာရီကျော် ဖုန်း အကျယ်ကြီး လာလာပြောတတ်လို့ တစ်ခန်းလုံး ဒေါသထွက်ရတာ လည်း အခါခါပဲ...
အဲလိုသာ လုပ်နေတတ်ပေမဲ့ စကားပြောကလည်း တတ် ဖားကလည်း ဖားတတ်တော့ မာမီတို့နဲ့တော့ တည့်သလား မမေးနဲ့ (ကျောင်းမှာက ရာထူးအကြီးဆုံး ကျောင်း အုပ်ကြီးကို မာမီကြီး လို့ ခေါ်ရပြီး ကျောင်းအုပ် သင်ကြားနဲ့ ကျောင်းအုပ် စီမံကိုတော့ မာမီ လို့ ခေါ်ရတယ်။ tutor ကိုတော့ sister လို့ ခေါ်ရတယ် instructorကိုတော့ teacher လို့ ခေါ်ရတယ်)