25

1.8K 117 4
                                    

Unicode

"သည်းညှာ"

မြို့ထဲမှာတွေ့ခဲ့တဲ့ Tomboy လေးအကူအညီနဲ့ သည်းညှာရှိရာဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့တယ်။
ခပ်သေးသေးအခန်းငယ်ထဲက ခပ်နွမ်းနွမ်းကုတင်ပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ သည်းညှာကို မြင်လိုက်ရတော့ ရှောင်းကျန့်ရင်ထဲ  ဆို့တက်လာတယ်။
ရှောင်းကျန့် ပေါ့လျော့မိခဲ့တာပါ..
ရှောင်းကျန့် တာ၀န်မကျေခဲ့တာပါ..

"သည်းညှာ.."

တုန်ရီစွာ ခေါ်ရင်းကုတင်ဘေးမှာ ထိုင်ချလိုက်မိတယ်။
သိသိသာသာပိန်ကျသွားတဲ့ ခန္ဓာကိုယ်ငယ်နဲ့အတူ ဖြူဖပ်နေတဲ့ နှုတ်ခမ်းပါးတွေ ၊ပါးပြင်ပေါ်စီးကျနေတဲ့ မျက်ရည်စီးကြောင်း ..
ဒါတွေက ရှောင်းကျန့်ရင်ကို အစိမ်းလိုက်ခွဲနေသလိုပဲ။

"သည်းညှာ... ကိုကိုလာပြီ"

ပါးနုနုလေးကို လက်မလေးနဲ့ ပွတ်ပြီး ပြောသော်လည်း တုန့်ပြန်မှုမရှိတဲ့ သည်းညှာ...

"သည်းညှာ.. သည်းညှာ.. ကိုကိုခေါ်နေတယ်လေ ..သည်းညှာ..."

လှုပ်နှိုးသော်လည်း မနှိုးလာတဲ့ သည်းညှာကြောင့် ရှောင်းကျန့် ထိတ်လန့်လိုက်ရတာ။

"ကျိုးချန် သည်းညှာကို ခေါ်မရဘူး။
ကယ်ပါအုံး ကျိုးချန်ရယ်...."

ရှောင်းကျန့် ဆွဲဖက်လိုက်ချိန် ပျော့ခွေပြီး ပါလာတဲ့ ရိပေါ်ကိုယ်လေးကို ကြည့်ပြီး ဖန်ရှင်းတို့ မျက်စိပြူးရတယ်။

"ရိပေါ်.... ရိပေါ်.. ကော အသံကြားရလား။
ဖန်ရှင်း ကားထဲက ဆေးအိတ်သွားယူ"

တော်သေးတယ်။ ဘယ်သွားသွားဆေးအိတ်သယ်တတ်တဲ့ ကျိုးချန်အကျင့်ကြောင့်သာ တော်တော့တယ်။
ဒီလိုခေါင်ခိုက်လွန်းတဲ့နေရာမှာ အရေးပေါ်ဆေးခန်းမရှိလောက်ဘူး။
ဖန်ရှင်းခမျလည်း မျက်ရည်တွေကျပြီး စိတ်နဲ့လူနဲ့ ကပ်ပုံမရ ဆေးအိတ်ပြေးယူပြီး စိုးရိမ်မျက်၀န်းတွေနဲ့ ကုပ်ကုပ်လေး ရပ်ကြည့်နေရှာတယ်။

"ရှောင်းကျန့်.. မကောင်းတော့ဘူး..
ဆေးရုံ .. ဆေးရုံပို့မှ ရမယ်...
ကောင်လေး... ဒီမှာ အနီးဆုံးဆေးရုံရှိလား.."

It's You - 바로 너 - ReuploadWhere stories live. Discover now