အမူးသမားနှစ်ယောက်က ဘယ်လိုနှိုးနှိုးနိုးမလာကြတော့ ။ အိမ်သို့ပြန်ရောက်သည်မှာ အနည်းငယ်ကြာပြီဖြစ်သော်လည်း ဂျီဆူးနဲ့ချယ်ယောင်းကို သူတို့၏အခန်းထဲကိုသယ်ပို့ပေးဖို့တိုင်ပတ်နေလေသည်။ ဂျဲန်းက ကိုယ်ဝန်ရှိနေသည်မလို့ ပင်ပန်းသည့်အရာများကိုမခိုင်းရက်ပေ။ ထို့ကြောင့်ဂျဲန်း၏မိခင်အိပ်မအိပ်သွားကြည့်ခိုင်းလိုက်ပြီး မအိပ်သေးလျှင်လာပြောဖို့မှာလိုက်သည်။ တအောင်ကြာတော့ဖုန်းဝင်လာသည်။ ဂျဲန်းနီဆီမှဖြစ်သည်။
" မောင် မေမေအိပ်သွားပြီ မမတို့ကိုအိမ်ထဲရွှေ့လို့ရပြီ "
" ဟုတ်ပြီ...အချစ်...မောင်ရွှေ့လိုက်မယ်...အောက်ကိုဆင်းမလာနဲ့တော့ပင်ပန်းနေမယ်...အခန်းထဲမှာပဲ အနားယူရင်းစောင့်နေနော်..."
ဖုန်းချပြီးနောက် လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း ကားရှေ့ခန်းမှဆင်းကာ နောက်ခန်းကအမူးသမားနှစ်ယောက်ကိုအိမ်ထဲရွှေ့ရန်ပြင်လိုက်လေသည်။ အလုပ်သမားများကိုခေါ်လိုက်လျှင်ရပါသော်လည်း လက်ထပ်ပွဲမှာရောအိမ်အလုပ်တွေရောကြောင့်မနားရသေးသည်ကိုသတိရမိသဖြင့် လီဆာမှာ ကိုယ့်ဟာကိုယ်ပဲရွှေ့ရန်တွေးလိုက်သည်။
" ပတ်ချယ်ယောင်း...ထစမ်းပါဦး..."
ချယ်ယောင်းမှာဘယ်လိုနှိုးနှိုးမနိုးပေ။ လီဆာ့ထက်အရပ်အနည်းငယ်ရှည်သော ချယ်ယောင်းအားကားပေါ်မှ ထိန်းကာ ခေါ်လာပြီး အောက်ထပ်ရှိအခန်းထဲသို့ဒယိမ်းဒယိုင်ဖြင့်တွဲခေါ်လာခဲ့လေသည်။ လီဆာ့နှဖူးမှာချွေးစတို့အနည်းငယ်ထွက်လာသည်။ ချယ်ယောင်းကိုအခန်းထဲရွှေ့ရတာမလွယ်ကူ သူ့ခြေထောက်များဖြင့် အိမ်ရှေ့မှာရှိသောခုံတို့မှာလည်းတိုက်မိသည်မှာအခါခါ လက်မောင်းမှာလည်းထိခိုက်မိသောကြောင့်မနက်မိုးလင်းလျှင် ဒဏ်ရာဖြစ်ကျန်နေခဲ့မှာလည်းသေချာသည်။ တစ်ယောက်ကိုအခန်းထဲပို့ပေးပြီးတော့ ကျန်နေသည်မှာ ဂျီဆူး။ အပေါ်ထပ်အခန်းထဲပို့ပေးဖို့ဆိုတာကလည်း တော်တော်လေးအဆင်မပြေသည်မို့ ချယ်ယောင်းအခန်းထဲတွင်သာနှစ်ယောက်အတူသိပ်ရန်ဆုံးဖြတ်လိုက်ပြီး အမြန်ရွှေ့လိုက်သည်။ ထို့နောက် ကားကိုဂိုထောင်ထဲသို့ထည့်ကာ အိမ်တံခါးများသေချာပိတ်ပြီးနောက် ဂျဲန်းနီရှိရာ အခန်းထဲသို့ ဝင်လာခဲ့လေတော့သည်။
YOU ARE READING
You're all I want (Completed)
Fanfictionကျွန်မအတွက်တော့ အချစ်ဆိုတာ ဂျဲန်းနီကင်မ်ပဲ သူပျော်ရွှင်ဖို့အတွက်ဆို အရာအားလုံးကိုစတေးရဲတယ် လာလီဆာမာနိုဘန်