Part(5)

154 13 3
                                    

ကျေးငှက်သံတို့ တစ်ကျီကျီအော်သံနဲ့အတူ အခန်းပြတင်းပေါက်မှန်ကနေ တစ်ဆင့်ထိုးဖောက်ဝင်ရောက်လာတဲ့နေရောင်ခြည်က မျက်နှာပေါ်ကျရောက်လာတာကြောင့် ညကလိုက်ကာသေချာမပိတ်မိလို့များလားဟုတွေးကာ မျက်လုံးတို့ကိုအသာလေး ဖွင့်ကြည့်မိတော့ ရင်းနှီးနေတာမျိုးမဟုတ်သလို စိမ်းသက်နေတာမျိုးလည်းမဟုတ်တဲ့ အခန်းပတ်ဝန်းကျင်ကြောင့် ရောက်နေတဲ့နေရာက ဘယ်နေရာလဲဆိုတာကိုသိလိုက်ရတော့သည်။

ညကများသွားတဲ့အရှိန်ကြောင့် ခေါင်းထဲထိုးကိုက်နေသလို ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း တစ်စုံတစ်ယောက်က ကိုင်ရိုက်ထားသလိုမျိုး ကိုက်ခဲနေတာကြောင့် ငြီးတွားနေရုံအပြင် ဘာမှမတတ်နိုင်ခဲ့ပေ။
ကိုက်ခဲနေတဲ့အပြင် လက်မောင်းပေါ်ကိုလေးလံတဲ့အရာတစ်ခုကဖိထားသလိုခံစားရပြီး ရင်ခွင်ထဲမှာလည်း နွေးနေတဲ့အရာကြောင့်  အသာငုံ့ကြည့်မိတော့ နှုတ်ခမ်းလေးထော်ပြီး အေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့ချစ်ရသူကိုမြင်တော့ နှုတ်ခမ်းတွေက သူ့အလိုလိုပြုံးမိသွားပြီးမှ သတိရတာက ကိုကိုရော သူရော ၂ယောက်လုံးကိုယ်ပေါ်မှာ ဘာမှမရှိနေခဲ့ဘူး။

တရားဝင်လက်မထပ်ရသေးခင်အထိ ကိုကို့ပေါ်ကျူးလွန်တာမျိုးမလုပ်ဖို့တွေးထားခဲ့တာကို အခုတော့မနေ့ကညသောက်တာများသွားတာကြောင့် အဆင့်တွေလွန်ကုန်ပြီဖြစ်လေတယ်။

"အွန်း...."

အသံပိစိ‌လေးတွေထွက်ကာ နိုးထလာတဲ့ချစ်ရသူကြောင့် အတွေးကမ္ဘာကနေ ရုန်းထွက်လာရတော့တယ်။

"နိုးလာပြီး ကိုကို"

"မောနင်း ဆူဘင်းနီး....."

"တစ်နေရာရာက ကိုက်ခဲတာမျိုး၊နာတာမျိုးရော ရှိသေးလား"

"ဟင် ဘာကိုလဲ"

"ဟိုက ညက ကျွန်တော် မူးပြီး ကိုကိုနဲ့ တစ်ခုခုများဖြစ်.."

"ဘာဖြစ်ရမှာလဲ"

"ညက ကျွန်တော်ကအရမ်းမူးနေတာလေ"

"အင်းလေ အဲ့တာဘာဖြစ်လဲလို့"

"အဲ့တော့ ညကမူးပြီး တစ်ခုခုများ မှား... အား နာတယ်ဗျ"

စကားမဆုံးခင်မှာ မျက်နှာတစ်ခုလုံးနီရဲပြီး ရှက်ရမ်းရမ်းကာ လူကိုဗိုက်ကြောလာဆွဲတဲ့ ချစ်ရသူကြောင့် အော်နေရုံသာတတ်နိုင်ခဲ့တယ်။

Dr.KokoDonde viven las historias. Descúbrelo ahora