လေပြေနမး်ရှိုက်တဲ့မမရဲ့အသက်ရှူသံလေး
Extra.6
"ယွမ်ယွမ် ဒါက အားခယ် ငါ့မိန်းမ ဒါက လင်းအာ ငါ့သမီးလေး ဒါက ယန်အာ ငါ့သား "
မုယွမ်ယွမ်က အားခယ်ကိုလက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက်ဆယ်ကျော်သက်အရွယ်ကလေးနှစ်ယောက်ကိုကြည့်ကာ ဝူလင်းယန်ကိုပြန်ကြည့်လိုက်တယ်
"လင်းယန် ငါတို့မဆုံတာ ဘယ်လောက်တောင်ကြာသွားပြီလဲ ကြည့်စမ်း ငါကမြေးရနေပြီ နင်ကကလေးနှစ်ယောက်နဲ့ ဟီးးဟီးး ငါ့မြေးတွေနဲ့ နင့်သားသမီးတွေနဲ့ပဲအမျိုးစပ်ကြရအောင်"
မုယွမ်ယွမ်စကားကြားေတာ့ဟိုချောင်မှာထိုင်ဆော့နေတဲ့ မြေးတသိုက်က မလိုချင်ဘူးလို့အော်တဲ့သူနဲ့ မဖြစ်နိုင်ဘူးလို့ပြောတဲ့သူနဲ့
သူမသမီးနဲ့သားမက်ကတော့ တီဗီရှေ့မှာ သူမတို့အတွက် အသီးခွာရင်း သူတို့အမေအကြောင်းသိစွာ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်နေခဲ့လေရဲ့
"ဘာဖြစ်လို့လဲ လင်းအာ နဲ့ ယန်အာ ဘာဖြစ်လို့လဲ အရမ်းချောတဲ့ဟာကို မယူချင်ဘူးတဲ့ အံဩပါ့"
ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်ရှက်ပြုံးပြုံးရင်း ဆိုဖာမှာဝင်ထိုင်တယ် မြေးတသိုက်ကလဲ သူတို့ရဲ့ဆော့စရာကိုပစ်ချလိုက်ပြီး အဲ့နှစ်ယောက်ကိုလာချောင်းနေကြတယ် ခနကြာတော့ အဲ့ကလေးတွေနဲ့မြေးတွေဟာပူးပေါင်းသွားကြပြီး တဖွဲ့ဖြစ်ကာချောင်နားရောက်သွားကြလေရဲ့
"လင်းယန် ဒီတခါ အပြီးပဲလား"
"အွန်း အသက်ကြီးလာတော့ ဇာတိကိုလွမ်းလာတာနဲ့ပဲ ပြန်လာလိုက်တယ် ငါကြားတယ် နင့်အဖေဆုံးတာကို ပြန်မလာနိုင်ခဲ့ဘူး တောင်းပန်ပါတယ်နော်"
"ရပါတယ် ပါးပါးက သူ့မြေးတွေနဲ့သူ့မြစ်တွေနဲ့ပျော်ပျော်ကြီးနေခဲ့ပြီးမှ သက်တမ်းကုန်လို့ဆုံးသွားခဲ့တာပါ "
"နင်တို့မိသားစု သိုက်သိုက်ဝန်းဝန်းလေးဆိုရင်ပဲဟုတ်နေပါပြီ"
ဝူလင်းယန်က မုယွမ်ယွမ်နဲ့စကားပြောနေတုန်း
"မိနး်မရေ ကိုယ်ပြန်လာပြီ "
လူမရောက်သေးဘူး အသံကအရင်ကြားတယ် သူ့အသံကြားတာနဲ့ ကလေးတွေကလဲ ပြေးကုန်ကြကာ ဆူညံကုန်ကြပြီး သူ့တို့အဘိုးလက်ထဲက မုန့်ထုတ်တွေကိုကိုယ်စီဆွဲကာ ထွက်ပြေးသွားကြပြန်တယ်
"ဝူလင်းယန်တို့့ရောက်မယ်ဆိုလို့ ကိုယ်ဈေးသွားလာတယ် ဒီညအိမ်မှာ ဟော့ပေါ့လုပ်စားကြမယ်လေ "
ကောင်းမင်ထျန်းက လက်ထဲကအထုတ်တွေကိုအိမ်တော်ထိန်းနဲ့ပေးလိုက်ပြီးနောက် စကားဝိုင်းထဲဝင်ကာ အတန်ကြာ စကားလက်ဆုံကျနေခဲ့တယ်
ညရောက်တော့ စားပွဲပေါ်မှာ ပင်လယ်စာ ကုန်းပေါ်စာ လေပေါ်စာ အစုံအလင်နဲ့ တွင်းအောင်းစာတွေပါမကျန် ခင်းကျင်းထားပြီး တအုပ်တမကြီးပျော်ပျော်ပါးပါးစားသောက်ကြတော့တယ် ကလေးတွေကလဲ ဆူညံ ဟင်းရည်အိုးကလဲ တပွက်ပွက်နဲ့ လူတွေရဲ့မျက်နှာမှာလဲအပြုံးကိုယ်စီနဲ့ပေါ့
တချိန်က အချစ်အမုန်းနာကျင်မူ့ကြားလှိုင်းထနေခဲ့ကြရတဲ့သူတို့ဟာ အခုတော့ ကိုယ်စီ ကိုယ်စီ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပြီး အရမ်းချစ်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားကြပါပြီ
ဒါကလဲ သူတို့ရုန်းကန်ခံစားခဲ့ကြတဲ့ရှင်သန်ခြင်းဆုလာဒ်ပဲထင်ပါရဲ့
အခုတော့ အားလုံးကိုခဝါချလို့ ပျော်ရွှင်တတ်စေဖို့သင်ယူနိုင်ခဲ့ပါပြီ
.......
The end......
YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...