လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး
Extra.5
"ဒေါက် ဒေါက် ဒေါက် "
ဝူလင်းယန် မျက်မှန်ကိုကျော်ပြီးအခန်းတံခါးကိုကြည့်လိုက်တယ်
"ဝင်ခဲ့ပါ"
"ကျွီ.."
အခန်းတံခါးက ညင်သာစွာပွင့်သွားပြီး မိန်းကလေးတစ်ယောက်ဝင်လာခဲ့လေတယ်
"ဆရာ ဒါက ဒီလချုပ်စာရင်းပါ"
"အွန်း စားပွဲပေါ်တင်ခဲ့လေ "
"ဟုတ်ကဲ့"
တင်ပေးပြီးတာနဲ့ မိန်းမလှလေးက ဒေါက်ဖိနပ်သံညင်ညင်သာသာပေးကာသူ့ကိုကျောခိုင်းသွားခဲ့တယ်
"ခယ်ခယ် "
"ဟုတ်ကဲ့"
"ဒီညအားလား"
"ဟုတ်ကဲ့"
"ညစာသွားစားရအောင်လေ ဟိုဖက်လမ်းမှာစားကောင်းတဲ့ဆိုင်ကိုတွေ့ထားတယ်"
"ဟုတ်ကဲ့ဆရာ"
မိန်းမလှလေးက သူ့ကိုတရိုတသေ ခါးကိုင်းနှုတ်ဆက်ပြီးနောက် အခန်းထဲကနေ ထွက်ခွာသွားခဲ့တယ်
တနေကုန် အလုပ်ထဲခေါင်းမြုတ်နေခဲ့ပြီးနောက် နာရီလှမ်းကြည့်လိုက်တော့ ခြောက်နာရီခွဲပြီ
"အလုပ်ဆင်းချိန်ပဲ"
ကုတ်တွေဘာတွေထပ်ပြီး ဓာတ်လှေကားနဲ့အောက်ကိုဆင်း ကားထဲရောက်တော့ တစုံတယောက်ကိုမျှော်မိတယ်
အခုနှစ်မှာ သူ့အသက်လေးဆယ်ဖြစ်ခဲ့ပြီ မုယွမ်ယွမ်နဲ့ဆက်ဆံရေးပြီးသွားတဲ့နောက် သူအချိန်အကြာကြီး အသဲကွဲခဲ့ရတယ်
အဲ့ဒဏ်ရာကိုကုစားဖို့ အမှောင်ထဲမှာနေထိုင်ရင်း အလုပ်တွေကျုံးလုပ်ရင်းပဲ နေခဲ့ရတာပေါ့
တနေ့ သူ မီးပွိုင့်ကအဖြတ်က ကောင်မလေးတစ်ယောက် အဘွားအိုတစ်ယောက်ကို လမ်းကူးပေးနေတာကိုတွေ့ခဲ့ရတယ် နေရောင်ခြည်လိုလန်းဆန်းပြီး အမြဲပြုံးရယ်ကာတက်ကြွနေခဲ့တဲ့အဲ့ကောင်မလေးကို သူ့အိမ်ဘေးက သစ်ပင်ကြီးပေါ်မှာတခါထပ်တွေ့ခဲ့ရတယ် ကြောင်ကလေးက အပင်ပေါ်တက်ပြီးမှပြန်မဆင်းတတ်တော့လို့တဲ့လေ လက်မှာကြောင်လက်သည်းနဲ့ကုတ်မိထားလို့သွေးစို့နေတဲ့နေရာတွေအများကြီးရှိပေမဲ့လဲ သူမကပြုံးနေဆဲကူညီနေဆဲပဲ
နောက်တခါကစားသောက်ဆိုင်မှာ သူအစားတွေကိုရှေ့ချပြီး ငေးငိုင်နေတဲ့အချိန် သူမက စားပွဲထိုးရင်း သူ့ကိုမြင်သွားခဲ့ပြန်တယ်လေ သူမက သူ့အနားလာပြီး အားပေးစကားအကြာကြီးပြောပေးခဲ့တယ် သူမပြောတဲ့အကြောင်းအရာတွေက သူဖြစ်နေတဲ့အကြောင်းနဲ့နဲနဲလွဲနေတယ်ဆိုပေမဲ့ သူအနဲငယ်တော့ စိတ်သက်သာရာရခဲ့တယ်
အဲ့လိုပဲ သူမနဲ့ ခန ခန ထပ်ဆုံခဲ့ကြပြီး သူမ တက္ကသိုလ်တက်နေရာက သူ့ဆီမှာ အလုပ်သင်လာဆင်းတဲ့အချိန်အထိပဲပေါ့
သူမ သူ့ကိုဝန်ခံလာတဲ့အချိန်က အလုပ်သင်ပြီးလို့ သူမ အိမ်ပြန်တော့မယ်ဆိုတဲ့အချိန်ပဲ
ကြားကာလမှာ သူမ မရှိတော့ သူတော်တော် ယောင်တောင်တောင်ဖြစ်ခဲ့မိတယ် လွမ်းသလိုလို တွေ့ချင်သလိုလိုနဲ့ သူမကိုသံယောဇဉ်ဖြစ်ခဲ့မိတာပေါ့
အဲ့လိုနဲ့ သူမ ဘွဲ့ရပြီး သူ့ဆီမှာ တရားဝင်အလုပ်လုပ်ပြီးတဲ့နှစ်နှစ်မြောက်မှာသူတို့တွဲခဲ့ကြတယ်
အခု သူအသက်လေးဆယ် သူမနဲ့မကြာခင်လက်ထပ်တော့မယ်
သူမဗိုက်ထဲမှာလဲ သူ့ရင်သွေးလေးရှိနေပြီလေ
ဒါပေမဲ့ သူမက အလုပ်လုပ်တုန်းပဲအလုပ်မှာဆို ဆရာဆရာနဲ့အမြဲခေါ်တယ် ပြောတာကတော့ ဘာနဲ့ဘာနဲ့ခြားထားတယ်ဆိုလားပဲ
"ဒေါက်ဒေါက် "
"ကိုကို တံခါးဖွင့်ပေးဦး"
သူ တံခါးဖွင့်လိုက်တာနဲ့သူမ ကားထဲဝင်လာပြီး သူ့ပခုံးကိုတန်းမှီတော့တယ်
"အာ ကိုကိုရယ် ရုံးမှာအမြဲအတူရှိနေပေမဲ့ အရမ်းလွမ်းနေတုန်းပဲ ဗိုက်ထဲကအသေးလေးကလဲ ကိုကို့ကိုအရမ်းလွမ်းနေတာနေမယ်သိလား"
တွေ့လား အိမ်မှာဆိုရင်တော့ ဒီကလေးမက ချွဲစိန်လေးပဲပေါ့
"ကိုကိုလို့ အာဘွားပေးပါဦးလို့ ဒီမှာလွမ်းနေပါပြီဆို"
သူ အနားကပ်သွားပြီး သူမကို အနမ်းပေးမလိုလုပ်ပြီးမှ ပြန်ခွာလိုက်တယ်
"အိမ်ရောက်မှအဝယူတော့"
"ဟမ့် ဟမ့် ကိုကို ကပ်စေးနဲ"
လက်ပိုက်သွားပြီးစိတ်ကောက်တော်မူသွားတဲ့တစ်ယောက်သောသူကို သူတော့ အပီအပြင်ချော့ရမှာကိုမြင်ယောင်နေသေးပါရဲ့
ဝူလင်းယန် ခေါင်းယမ်းလိုက်ကာ ကားမောင်းထွက်လိုက်တော့တယ်
.......
VOUS LISEZ
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...