_Unexpectedly_

441 64 12
                                    

"ငါ့မျက်နှာကိုထောက်တဲ့အ‌နေနဲ့ပွဲပြီးတဲ့အချိန်ထိမင်းမျက်နှာကိုပြုံးထားပေးလို့ရမလား"

အနည်းဆုံးလူ၁၀၀နီးပါးရှိတဲ့ပွဲခင်းရဲ့အလယ်မှာရောက်နေတဲ့နဘေးကသူရဲ့အမိန့်စကားသံကနားကြားထဲကိုးလိုးကန့်လန့်ဝင်ရောက်လာတယ်။

"ဘာကိစ္စနဲ့ပြုံးပေးရမလဲ!!ဘာတွေဘယ်လိုဖြစ်ကုန်တာလဲဆိုတာတောင်ကျွန်တော့်ခေါင်းထဲအခုထိအဖြေရှာမရသေးဘူး"

"မင်းငါ့ကိုလာရစ်မနေနဲ့အဖြေရှာချင်တယ်ဆိုလဲပွဲပြီးမှရှာငါ့မိတ်ဆွေတွေကြားထဲမှာငါ့ကိုမျက်နှာမပျက်စေနဲ့ ‌အခုချက်ချင်းခေါင်းကိုမော့ပြီးမင်းမျက်နှာကိုပြုံးထားလိုက်"

ဂယူဘင်းရဲ့အပြောကိုမကြားသလိုနဲ့ယူဂျင်းကခေါင်းကိုငုံ့ပြီးအဖြေရှာနေဆဲပဲ။

လွန်ခဲ့တဲ့လကမှပထမဆုံးတွေ့ဖူးတဲ့ယောကျာ်းကိုသူ့အနေနဲ့ဘာ‌အကြောင်းကြောင့်ကောက်ခါငင်ခါကြီးလက်ထက်လိုက်ရလဲဆိုတဲ့အဖြေကိုရှာ‌နေတာဟာဖြစ်သင့်သည်။သူဟာရှေ့နှစ်ပါတ်လောက်ကအထိသူငယ်ချင်းတွေနဲ့ဝေလားဝါးလားအလေလိုက်အပျော်ရှာနေသောလူငယ်တစ်‌ ယောက်။

အလွန်ဆုံးပြောရရင်မနေ့တနေ့ကအထိဟန်ယူနာမင်္ဂလာကိစ္စနဲ့သူတို့နှစ်ဖက်မိဘနှစ်အိမ်စလုံးအလုပ်ရှုပ်နေကြသေးသည်မဟုတ်လား။ဒီနေ့ညပွဲအစဉ်အစီကြေငြာမှဘာကြောင့်ပွဲရဲ့ပင်တိုင်ကာယကံရှင်ကသူနဲ့ဂင်မ်ဂယူဘင်းဆိုသူဖြစ်နေခဲ့ရတာလဲ? ဒီတစ်လလုံးမှာသူမသိလိုက်ပဲလွတ်သွားတဲ့အချက်ကဘယ်အချက်ဖြစ်နိုင်လဲ?
အဖြေကရှာနေရင်းနဲ့ကိုလမ်းတစ်ဝက်နဲ့တင်ပျောက်နေဆဲ။

မျက်ခုံးတန်းတို့စုကျုံ့ရင်းခေါင်းငိုက်ဆိုက်ကျအဖြေရှာနေတုန်းမေးစေ့အောက်ကနေအေးစက်စက်လက်တစ်စုံရဲ့ဆွဲမခြင်းကိုခံလိုက်ရသည်။

"ကျစ်!မင်းမျက်နှာကိုမော့ပြီးပြုံးထားလို့ပြောတယ်မလား"

ဒီလောက်အထိကိုယ့်အပေါ်ခက်ခက်ထန်ထန်ကြီးဆက်ဆံနေတဲ့သူကိုသူ့ဘက်ကဘယ်အချက်ကြောင့်လိုလိုလားလားလက်ခံပေးရမလဲ?

"ကျွန်တော်ကလည်းမပြုံးနိုင်ဘူးလို့ပြောထားတယ်မလား!"

"ငါ့ဘက်ကလည်းဒီပွဲကိုဘယ်နည်းနဲ့မှအပျက်မခံနိုင်ဘူးဆိုတာကိုမင်းသိလား"

You've reached the end of published parts.

⏰ Last updated: Sep 19, 2023 ⏰

Add this story to your Library to get notified about new parts!

𝑊ℎ𝑖𝑠𝑘𝑒𝑦 𝑂𝑅 𝑀𝑒 ?[ɢʏᴜᴊɪɴ]Where stories live. Discover now