Unicode..
hanbin မျက်နှာကိုနေရောင်ဖွဖွလေးထိုးလာတာမို့ အရင်နိုးလာခဲ့တယ် hanbinရင်ခွင်ထဲမှာအိပ်ပျော်နေသေးတဲ့ haoကိုတွေ့လိုက်ရတော့ hanbin ပြုံးမိသွားတယ် စိတ်ထဲမှာလည်း haoဟာ သူ့ကိုနိုးလာရင်စိတ်ဆိုးလေမလား မနေ့က haoရယ့်စကားကြောင့်လန့်သွားမိတာမှန်ပေမယ့် မယုံရဲပေ haoဟာ တကယ်ဆိုမူးနေခဲ့သည်မဟုတ်လား hanbin သက်ပြင်းချလိုက်မိသည် ထို့နောက် haoမနိုးခင်ထသွားဖို့ဆုံးဖြတ်ကာ haoနဖူးလေးကိုနမ်းပြီး အခန်းထဲကထွက်လာခဲ့သည်...
haoနိုးလာတော့ ဘေးမှာ hanbinမရှိတော့ပေ စိတ်ထဲမှာဝမ်းနည်းသွားပေမယ့် ဘာမှမတတ်နိုင် အချိန်ကြည့်လိုက်တော့ မနက်၁၀နာရီကျော်နေပြီဖြစ်သည် hanbin companyသွားတာလည်းဖြစ်နိုင်တာမို့ haoလည်းစိတ်ထဲမှာသွားစရာရှိလို့ပါဆိုပြီးပဲဖြေဖျောက်လိုက်ရသည် မျက်နှာသစ်ဖို့လုပ်တော့ လည်ပင်းထက်က နီဆွေးဆွေးအကွက်လေးတွေကိုမြင်တော့ လက်နဲ့ဖွဖွလေးထိပြီးပြုံးလိုက်မိသည် ဒါတွေကသူကိုယ်တိုင်လိုလားခဲ့တာတွေပဲမဟုတ်လား
မနက်စာစားဖို့အောက်ဆင်းလာတော့ မီးဖိုချောင်မှာထိုင်နေတဲ့ yujinကိုတွေ့လိုက်ရတယ်yujin:hyung....နိုးလာပြီလား
hao:အင်း....hyung ညကနောက်ကျသွားတယ် yujinနေရတာအဆင်ပြေရယ့်လား
yujin:ပြေပါတယ်hyung gyuvin hyungလည်းရှိတာပဲကို...hyung coffeeသောက်မလား
hao:အင်း....
yujinက coffeeလေးတစ်ခွက်ယူလာပြီးတော့haoရှေ့မှာချပေးတယ် ပြီးတော့ သူလည်းhaoရှေ့မှာဝင်ထိုင်လိုက်တယ်
yujin:hyungကိုပြောစရာရှိတယ်
hao:အင်း ပြောလေ
yujin:ဟို....
hao yujinကိုကြည့်ပြီးအားမလိုအားမရဖြစ်လာသည် ပြောစရာရှိသည်ဟုပြောကာ အခုထိဘာမှမပြောသေးဘဲ လက်နှစ်ဖက်ကိုရဲနေအောင်ပွတ်နေတဲ့သူ့ကြောင့် haoပါနေရတာတမျိုးဖြစ်လာသည်
hao yujinရယ့်လက်တွေကိုအုပ်ပြီးကိုင်လိုက်တော့ ခေါင်းငုံ့နေတဲ့yujinကမော့ကြည့်လာသည်hao:hyungကိုဘာပဲဖြစ်ဖြစ်ပြောလို့ရတယ် yujinnie....အဲ့တာကြောင့်ကြောက်မနေဘဲပြောပါ