Arc 8 part 16

30 3 0
                                    

     Misaki ဟာ ဘာဗျူဟာမှထုတ်မနေဘဲ မြို့တော်ဆီ တိုက်ရိုက် တိုးဝင်သွားလိုက်သည်။ မီးတောက်လောင်နေတဲ့နေရာမှာပဲ မီးလောင်စေသည့်ရင်းမြစ်ရှိမှာ ဖြစ်သည်။ ဇာတ်ကြောင်းအရ ဇာတ်လိုက်နှင့် ဇာတ်လိုက်မသည် ဒီကမ္ဘာတွင် အင်အားအကြီးဆုံးလူများ မဟုတ်ခဲ့ပါ။ သို့သော်လည်း မှန်ကန်သည့် ရွှေပေါင်လုံးကိုရွေးချယ်ကာ ထောက်တိုင်ဖြစ်‌ေပးခဲ့ကြသည့်အတွက် အဆုံးသတ်ကောင်းခဲ့ကြခြင်းဖြစ်သည်။

      မှန်ကန်သည့်ထောက်တိုင်ဆိုသည်မှာ အဘယ်နည်း။ လက်ရှိ နန်းမြို့တော်သည် အာဏာကြောင့် အခြေအနေ မငြိမ်မသက်ဖြစ်နေလေသည်။ Hiraki ၏အဘွား မယ်တော်အိုကြီးသည် အမတ်ချုပ်နှင့်ထိပ်တိုက်တွေ့ကာ အာဏာအတွက် ရန်စောင်နေကြသည်။ နှစ်ဦးသားအင်အားမှာ မတိမ်းမယိမ်းဖြစ်လေရာ မတိုးသာမဆုတ်သာဖြင့် မည်သူ၏ဝှက်ဖဲက ပိုအစွမ်းထက်မလဲပေါ်မူတည်၍ ရလဒ်ပြောင်းလဲသွားမည်ဖြစ်သည်။

      Misaki သည် အဘွားအိုကြီး၏ဝှက်ဖဲဖြစ်သည့် ချောမောလှသော အမျိုးသားအား ငေးကြည့်မိသည်။ ဓားသွားလို မျက်ခုံး ပါးလျသော နှုတ်ခမ်းများ မျက်ဝန်းကိုမှေးကျဉ်းကာ အေးစက်စက်အကြည့်တို့ပစ်လွှတ်နေသော အမျိုးသားမှာ မက်မောစရာကောင်းလှကာ တစ်ဖက်တွင်လည်း လက်လှမ်းမမီနိုင်ပါကြောင်း သတိပေးနေသလိုပါပင်။ လှပပြီးအဆိပ်ရှိတယ် အလှတရားမှာ နစ်မျောနေမိရာကနေ ခြေလှမ်းတစ်ချက်မှားရင် အသက်ကိုပါ လက်လွှတ်လိုက်ရလိမ့်မည်။ Misaki သည် ပေါ့ပါးသောခြေလှမ်းများဖြင့် တစ်ဖက်လူဆီ နီးကပ်သွားနေရင်း ထိုလူ ပစ်မြှောက်ကစားနေသည့် ဓားမြှောင်အသေးလေးအား ဖမ်းယူလိုက်သည်။ နေရောင်ဟာ ဓားသွားထက်တွင် အလင်းပြန်သွားပြီး တည့်တည့်မကြည့်နိုင်အောင် ဖြစ်စေသည်။

     သူ့ရဲ့ဉာဏ်ကောင်းလှတဲ့ Hiraki က အဘွားအိုကြီး သူ့ကိုအသုံးချနေတာကို သတိမထားမိစရာ အကြောင်းမရှိဘူး။ သွယ်လျသည့်လက်ချောင်းများမှာ ဓားကိုင်ရာမှဖြစ်လာသော အသားမာမျိုးရှိမနေဘဲ ချောမွေ့နေသည်။ လက်ချောင်းယှက်နွယ်လိုက်သောအခါ ထင်းနေသည့် လက်ဆစ်များကြောင့် အနည်းငယ်ခိုးလုခုလုဖြစ်နေသည်။ အနှီလူမှာ ဒီတိုင်း စိတ်တိုလွယ်သော မကျန်းမာသည့် သခင်လေးသက်သက်သာ ဖြစ်ချေသည်။ ရက်စက်ကာနှလုံးသားမဲနက်သော အာဏာရှင်ဆိုသည့် အတင်းအဖျင်းမှာ အဘွားအိုကြီး၏စနက်သာဖြစ်သည်။ ထိုအချက်ကိုအသုံးချကာ Hiraki လက်အောက်တွင် အင်အားတစ်ချို့စုထားလိုခြင်းဖြစ်သည်။ ချစ်လှစွာသော အဘွားက အဆိပ်ကိုသုံးပြီး လူငယ်လေးကို ထိန်းချုပ်နေသည်။ နှမြောစရာက နှလုံးသွေးစက်သည် ထိုထိုသော အဆိပ်တို့အား နှိမ်နင်းလိုက်ပြီဖြစ်တာကြောင့် ရှေ့လျှောက် အထိန်းချုပ်ခံရမည့်ကိစ္စမျိုး ဖြစ်လာတော့မည်မဟုတ်ပါ။

How to flirt with the final boss 2Where stories live. Discover now