P.13

3.5K 214 13
                                    

Uni

" ကိုကို "

မနက်တိုင်း နှိုးဆက်လေးတစ်ခုလို ထိုနာမ်စားလေးတစ်ခွန်းခေါ်ကာနှိုးတက်သည့်ကောင်ငယ်လေး အချိန်တွေကြာလာသည်နှင့်အမျှ သူဟာ သမ္မတဟူသည့်အရိုက်အရာကို ဆက်ခံခဲ့ရသည်။အဘိုးဖြစ်သူဆုံးပါးသွားခဲ့စဉ်က ရှောင်းကျန့်ဟာ မျက်ရည်မကျခဲ့ပေ။ထိုမျှလောက်ထိ ရှောင်းကျန့်ဟာ အေးစက်သောလူငယ်ဖြစ်ခဲ့သည်။ကလေးငယ်သည်လည်း ဘွဲ့ရပညာတတ်လေးဖြစ်နေခဲ့လေပြီ။ကလေးငယ်သည် ကုမ္ပဏီအလုပ်ထက် ပန်းစိုက်ခြင်းကိုပိုဝါသနာပါခဲ့သည်မို့ ပန်းခြံလေးတစ်ခုအား ရှောင်းကျန့်ဝယ်ပေးခဲ့သည်။ဝမ်မားသည်လည်း ရှောင်းအိမ်တော်တွင် မနေတော့ပေ။ဝမ်မား၏ ဂျပန်နိုင်ငံတွင်နေချင်သည်ဟူသည့်ဆန္ဒအား ရှောင်းကျန့်ဖြည့်‌ဆည်းပေးခဲ့လေသည်။

လက်ထက်ပြီးသည့်အချိန်မှစ အိမ်ထောင်သက်တမ်း နှစ်နှစ်အတွင်း ရှောင်းကျန့်သည် ရိပေါ်အား နမ်းရုံသာနမ်းပြီး တကယ်ကိုကျင့်ဝတ်စောင့်ထိန်းပေးခဲ့သည်။

" ကိုကို ရေချိုးပြီးဆင်းခဲ့ ဝမ်ဝမ်စောင့်နေမယ် "

" အင်း "

ရှောင်းကျန့်ထက်အရင် အောက်ထပ်သို့ပြေးဆင်းကာ အိမ်တော်ထိန်းကြီးနားသို့ကပ်ပြီး ဟင်းများကို လိုက်ကာနှိုက်မြည်းကြည့်နေသည့်ကောင်ငယ်လေးသည် သမ္မတကြီးရှောင်း၏အချစ်တော်လေးတင်မဟုတ် ရှောင်းအိမ်တော်၏အချစ်ခံလေးလည်းဖြစ်သည်။

" ဘွားဘွား ဘွားဘွား ဝမ်ဝမ် ဒါလေးကြိုက်တယ် အများကြီးစားမှာနော် "

" စားပါကွယ် ဘွားဘွား နှစ်ပန်းကန်ပြင်ပေးမယ်နော် "

" ဟီး ဟုတ် ဘွားဘွား "

ဝမ်ရိပေါ်သည် ထမင်းဝိုင်းရှိခုံလေးသို့သွားထိုင်ကာ ခြေထောက်လေးလှုပ်ကာဆော့နေလေသည်။တည်ငြိမ်ပြီးစည်းစနစ်ကြီးလှသည်ဟု နာမည်ရလာသည့် ရှောင်သမ္မတ၏တစ်ဦးတည်းသော ချစ်ရသူလေးသည် သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်။ရှောင်းကျန့်သည်ရိပေါ်အား တစ်ခါမျှပင်မဆူ‌မငေါက်ဘူးပေ။

" ကိုကိုကလည်း ကြာကြီးပဲ "

ရိပေါ်သည်အပေါ်ထပ်သို့ပြန်တက်ရန်ထမည်အပြု သူ၏ကိုကိုရောက်လာသည်မို့ ရယ်ကာပြန်ထိုင်လိုက်ပြီး....

Black King{ Complete✓ }Where stories live. Discover now