Intro

848 38 6
                                    

ကွာခြားတဲ့ ဆန့်ကျင်ဖက်တွေတိုင်းက ထပ်တူမညီဘူးလို့ ဆိုနိုင်ရဲ့လား ?

နေ့နဲ့ည
ဖွင့်တာနဲ့ပိတ်တာ
တွန်းတာနဲ့ဆွဲတာ
မှန်တယ်နဲ့မှားတယ်

အဓိပ္ပာယ်တွေ မတူညီ၊ ရပ်တည်ချက်တွေ မသက်ဆိုင်ဘဲ သီးခြားစီ တည်ရှိနိုင်တာတောင်မှ တချို့အရာတွေကျတော့ နှစ်ခုတွဲ မြင်နေရမှ ပြည့်စုံသွားတတ်သလိုလို။

ပဟေဠိအပိုင်းအစလေးတွေလိုမျိုးပေါ့။ ဆက်လိုက်မှ အရာ ပေါ်လာသလို ရစ်ခီနဲ့ ထယ်ရယ်ကလည်း အဲ့လိုမျိုးပဲတဲ့။

နေပါဦး သူတို့နှစ်ယောက်က အဲ့လောက်တောင် မတူကြတာ ဘယ်လို ညှိယူကြမှာလဲ ?

ကြားခံပုဒ်လေး တစ်ခုတော့ ဆက်ဖို့ လိုမယ်ထင်တယ်။
Either-OR လိုပေါ့ ...

-----------------------

ယူတို့ရဲ့ အမိုက်အမဲလေး လက်ဆောင်နဲ့အတူ ပြန်လာပါပြီ။ ရှန်ထယ်ရယ် တစ်ခုတည်း မဟုတ်ဘဲ နောက်တစ်ခု ထပ်ရှိသေးတာမို့ အကောင့်ထဲ ဝင်ကြည့်ပေးနော် xD

Update ကတော့ အလစ်တဲထက် နည်းနည်းလေး ပိုပြီး ကြာပါမယ်။ ဒီတစ်ခါလည်း အတူတူ လိုက်ပါပေးမယ်လို့ မျှော်လင့်ပါတယ် 🫶🏻

𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍Where stories live. Discover now