"1 2 3! ရိုက်မယ်"
"1 2 3! အိုကေ နောက်တစ်ပို့စ်ပေးမယ်"
"1 2 3! အိုကေ ကတ်ဒ်! ရစ်ခီ နားလို့ရပြီ"
ဓာတ်ပုံဆရာ၏ အော်သံအဆုံးမှာ ရစ်ခီဆီကို မန်နေဂျာအစ်ကိုကြီးက ပြေးလာပြီး ပန်ကာလေးပေးတယ်။ လက်ထောက်မန်နေဂျာမလေးကတော့ ချွေးသုတ်ပေးပြီး ကွက်နေတဲ့မိတ်ကပ်တချို့ကို ပြန်ပြင်ပေးလာတယ်။
ရစ်ခီ ဒီနေ့စိတ်အဆင်မပြေဘူး။ ဒါဟာလည်း ဖုန်းထဲကို အစောလေးကမှ ဝင်လာတဲ့ မက်ဆေ့ချ်ကြောင့်။
"သဘက်ခါ အဖွဲ့ညစာစားပွဲရှိတယ် သုံးနှစ်ပြည့်Anniversaryမို့ ရောက်အောင်လာခဲ့နော် အရင်နှစ်တွေကလည်း မင်းမလာဘူးမို့လား" တဲ့လေ။ သူအတတ်နိုင်ဆုံးတော့ ရှောင်ပြေးချင်ခဲ့ပေမယ့် အခုတစ်ခေါက်တော့ ရတော့မယ်မထင်ဘူး။ ကျန်းဟာအိုဆိုတဲ့ အစ်ကိုကြီးမှာ သူဒီတစ်ခေါက်မှမလာရင် တကယ်ကြီးလာဆွဲခေါ်ပြီး လိုက်ခိုင်းမဲ့ပုံနဲ့ ပြောနေတာ။
အမှန်ပါပဲ သူတို့အဖွဲ့ဟာ လွန်ခဲ့တဲ့သုံးနှစ်ကပဲ Disbandသွားခဲ့ပြီ။ အားလုံးက ကိုယ်စီအလုပ်တွေလုပ်နေရပြီ၊ တချို့အစ်ကိုတွေက အသက်အခြေအနေကြောင့် စစ်မှုထမ်းနေရပြီ။
ဒါဖြင့် သူကရော....
Yuehuaမှာပါပဲ။ ဒါပေမယ့် ကိုရီးယားလည်း မဟုတ်၊ တရုတ်လည်း မဟုတ်တဲ့ ပဲရစ်မှာ အခြေချပြီးနေနေဖြစ်တာ။ တစ်ကိုယ်တော်လုပ်ရှားနေရတဲ့ သူနဲ့ ဟာအိုဟျောင်းက ယူဂျင်းတို့လို ကိုရီးယားလူမျိုးတွေမဟုတ်တော့ ကိုရီးယားမှာ ပြန်debutဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။
အရာအားလုံးရှင်းလင်းသွားတဲ့အခါ ဟာအိုဟျောင်းက တရုတ်fanbaseတောင့်တောင့်တင်းတင်းရှိတာမို့ တရုတ်ကိုပြန်ပြီး အဆိုတော်ပြန်လုပ်တယ်။ တစ်ခါတစ်လေ ဇာတ်ကားတွေရိုက်တယ်။
သူကတော့.... အင်း စာချုပ်လာချုပ်ထားတဲ့ Brandတွေအတွက် ကြော်ငြာရိုက်ပေးရတယ်။ Modelခန္ဓာကိုယ်လေးမို့ fashionပွဲတွေအများစုတက်ရောက်ရတယ်၊ တစ်ခါတစ်လေ ကိုယ်တိုင်ဝင်လျှောက်ရတဲ့ပွဲတွေရှိသလို တစ်ခါတစ်လေတော့လည်း ပွဲကြည့်ပရိသတ်အဖြစ်နဲ့ပဲ။
YOU ARE READING
To All the boys Ricky've loved before
أدب الهواةℛ𝒾𝒸𝓀𝓎 × all OTPs about him woongri, gyuricky, yuriz, jeongri, geonri, etc. ➤ 𝘀𝗺𝘂𝘁, 𝗳𝗹𝘂𝗳𝗳, 𝗮𝗻𝗴𝘀𝘁 ➤ 𝗿𝗮𝗿𝗲 𝘀𝗮𝗱 𝗲𝗻𝗱𝗶𝗻𝗴 ➤ 𝗼𝗻𝗲 𝘀𝗵𝗼𝘁𝘀 ➤ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘