Unicode
ရိပေါ် ဆေးရုံတက်နေချိန်အတွင်း ရိပေါ်ကိုသည်းသည်းလှုပ်ခဲ့တဲ့ ကိုကိုဟာ အခုဆေးရုံဆင်းလို့ အိမ်ပြန်ရောက်တဲ့အထိ သည်းနေတုန်းပဲ။
အခု ရိပေါ်က ဦးကြီးဆရာတော်ဆီ ဂင်ချီတွေလုပ်ပြီး လှူချင်လို့ လုပ်နေတာ။
ပထမကိုကိုက တားသေးတယ်။
တားမရတော့ သူကိုယ်တိုင်၀င်လုပ်ပေးရှာတယ်။Super Sunday မှာ ရှောင်းဥက္ကဌဟာ အမျိုးသားလေးကောင်းမှူကြောင့် ဘောင်းဘီတိုလေးနဲ့ မုန်ညှင်းထုပ်တွေ ထိုင်ဆေးနေလေရဲ့။
ရိပေါ်က ချစ်စနိုးခိုးကြည့်ရင်း ရယ်နေမိတော့တာပဲ။ရှောင်းကျန့် မုန်ညှင်းထုပ်တွေ ထိုင်ဆေးရင်း ယွီပင်းနဲ့ ဖန်ရှင်းကိုပါ လှမ်းခေါ်ပြီး ဒုက္ခပေးရန် စဉ်းစားလိုက်တယ်။
မနည်းမနော မုန်ညှင်းတွေက တစ်ရွာလုံးကို လှူမှာလားမသိဘူး။
သူပင်ပန်းတာကိစ္စမရှိပေမဲ့ သည်းညှာ ပင်ပန်းမှာဆိုးတာကြောင့် ဟိုနှစ်ယောက်ကိုပါ ဒုက္ခခေါ်ပေးဖို့ အကြံရလိုက်တာ။We chat ကနေ စာပို့လိုက်တယ်။
မုန့်လုပ်စားနေတယ် မြန်မြန်လာခဲ့ကြဆိုပြီး..သည်းညှာက အရမ်းဆန္ဒရှိနေလို့သာခွင့်ပြုထားတာ သည်းညှာကို စိတ်ပူတယ်။
ခွဲစိတ်မှုနဲ့ ပတ်သတ်ပြီး သည်းညှာသတိရလာတဲ့နေ့မှာပဲ ဆရာ၀န်က ရှောင်းကျန့်ကိုခေါ်ပြောခဲ့တယ်။
ခွဲစိတ်မှုက အောင်မြင်ပေမဲ့ မွေးရာပါမို့ လူကောင်းတစ်ယောက်လို ပကတိပြန်ကောင်းနိုင်မှာမဟုတ်ဘူးတဲ့။ ဂရုစိုက်ရပါအုံးမယ်တဲ့။ဒါကြောင့် ရှောင်းကျန့်က သည်းညှာကို အရင်ကလိုပဲ ပိုးလိုဥထားတုန်း....ဒါပေမဲ့ သည်းညှာက အရင်ကလောက် မောပန်းတာတွေမရှိတော့သလို နှလုံးလည်း ခဏခဏမအောင့်တတ်တော့။
အရင်ကထက်စာရင် အများကြီးနေကောင်းလာတာ တော်ပါသေးတယ်။အခုဆို မုန့်ငတ်မိတဲ့ ယွီပင်းနဲ့ ဖန်ရှင်းဟာ မုန့်ညှင်းထုပ်တွေ ဆားရည်ကူစိမ်တဲ့သူကစိမ်၊ ကြက်သွန်တွေခွါတဲ့သူကခွါနဲ့ ဂျင်းအကြီးအကျယ်မိကြရှာလေရဲ့။
ယွီပင်းနဲ့ ဖန်ရှင်းကတော့ မဲ့တဲ့မဲ့တဲ့နဲ့ ရိပေါ်က သဘောတကျနဲ့ကိုရယ်လို့။
ကိုကိုကတော်လိုက်တာဆိုပြီး လက်မ တစ်ထောင်ထောင်နဲ့ ချီးကျူးနေသေး။
ဖန်ရှင်းစိတ်ကောက်ပြေခါစမို့ ထပ်စိတ်ကောက်သွားရင် ကိုကိုပါ ကူချော့ဆိုပြီး ပြောနေသေးတယ်။
လုပ်ချင်တာတွေ လုပ်ရတာကြောင့် ပျော်နေတဲ့ သည်းညှာကိုကြည့်ပြီး ရှောင်းကျန့်ရင်ထဲနွေးသည်အထိ ပီတီဖြစ်ရတယ်။
သည်းညှာပျော်နေရင်ရပြီ..
YOU ARE READING
It's You - 바로 너 - Reupload
FanfictionUnicode Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အမှန်မဟုတ်ဘူးထင်တယ်။ ZawGyi Xiao Zhan : ကျေးဇူးတရားတွေကို ကျွန်တော်မလွန်ဆန်နိုင်ခဲ့ဘူး WangYibo : ကျွန်တော်ဟာ ကိုကို့ရဲ့ပိုင်ရှင် အစစ်အ...