"ပြောပါဦး ဒီနေရာကို သဘောကျလား" နေပူဆာလှုံနေသော Hiraki က Misaki ၏အမေးကြောင့် ပြုံးလိုက်မိသည်။ နှစ်ပေါင်းနှစ်ဆယ်ကြာ ကမ္ဘာမြေအနှံ့ပြေးလွှားနေခဲ့ရသဖြင့် လူငယ်လေးသည်လည်း တည်ကြည်သော လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် အလိုလိုက်ချစ်မြတ်နိုးခြင်းခံရသူပီသစွာ ငယ်ရွယ်နုပျိုမှုတို့က ထင်ကျန်နေဆဲပင်။ ပြုံးရယ်လိုက်၍ မျက်လုံးများ လေးကိုင်းအသွင် ကိုင်းညွတ်သွားသောအခါ misaki သည် အမျိုးသား၏ မျက်လုံးထောင့်ရှိ မှည့်နက်ကလေးအား ဖွဖွနမ်းလိုက်သည်။
ကျိန်စာကြောင့် အသက်မနှုတ်ယူခံရစေရန် misaki သည် Hiraki ၏ထိုနေ့က မှတ်ဉာဏ်များအား ဖျက်ဆီးပစ်ခဲ့ရသည်။ မင်းကိုယ်တိုင်က အပြစ်သားတွေနှင့် ဆွေမျိုးတော်စပ်မှန်း သတိမထားမိလျှင် ဒါမှမဟုတ် မင်းရဲ့ဆွေမျိုးက အပြစ်သားဖြစ်နေမှန်း မသိလျှင် ကျိန်စာက သက်ဝင်လှုပ်ရှားမည်မဟုတ်ပါ။ သို့သော် ထိုနည်းလမ်းသည် ကျိန်စာအား ယာယီသာ ထိန်းသိမ်းနိုင်သည်။ တစ်ဘဝစာလုံး အမှတ်မရသည့် မှတ်ဉာဏ်မျိုးရှိလျှင်တောင် ခန္ဓာကိုယ်ထဲတွင် တူညီသည့်သွေးများ စီးဆင်းနေသဖြင့် ကျိန်စာက လူ့ခန္ဓာကိုယ်အား တစ်စတစ်စတိုက်စားဝါးမျိုနေမည်ဖြစ်သည်။ မှတ်ဉာဏ်များ ပြန်ရောက်လာသည်နှင့် အသက်ကိုလည်း ချက်ချင်း နှုတ်ယူသွားလိမ့်မည်။
ယခုပင်လျှင် Hiraki တစ်ယောက် အဘွားဖြစ်သူ၏ လောင်ကျွမ်းပြာကျသွားသည့် သေဆုံးမှုမြင်ကွင်းအား ပြန်မြင်ယောင်နေခြင်းဖြစ်သည်။ misaki ၏အသံကသာ ဝင်ရောက်မနှောင့်ယှက်ခဲ့ပါလျှင် ဦးရီးတော်ဘုရင်၏သေဆုံးပြီးနောက် ကြွင်းကျန်ရစ်သော အရိုးစုပင်လျှင် တဟုန်းဟုန်းတောက်လောင်နေပုံကိုပါ တစ်ဆက်တည်း မြင်ယောင်သွားမှာ ဖြစ်သည်။ ပြီးလျှင်တော့ ကျိန်စာ၏နောက်ဆုံး လက်ခံသူအနေနှင့် သူသည်လည်း မီးတောက်တွေကြား ချက်ချင်း လောင်မြိုက်သွားမည်ဖြစ်သည်။
အတူနေသည့်နှစ်များတွင် သူ၏ကြင်ယာတော်သည် ပုံပြောခြင်းအား အထူးနှစ်ခြိုက်ခဲ့သည်။ သူတို့နှစ်ယောက်၏ဘဝများအကြောင်း ဟူ၍ ခေါင်းစဉ်တက်ကာ သူကြားပင်မကြားဖူး မမြင်ဖူးသော လောကများအကြောင်း ပြောပြလေ့ရှိသည်။ သေခြင်းနှင့်နီးကပ်လာသဖြင့် ဒီရက်ပိုင်းတွင် ခွဲခွာရန် စိတ်မချဖြစ်နေသော Hiraki အတွက်တော့ ထိုပုံပြင်လိုစကားများက ကောင်းကောင်းနှစ်သိမ့်ပေးနိုင်သည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.