𝘽𝙊𝙔𝙁𝙍𝙄𝙀𝙉𝘿

1.6K 153 15
                                    

𝙎𝙤𝙣𝙜 𝙍𝙚𝙘𝙤𝙢𝙢𝙚𝙣𝙙𝙖𝙩𝙞𝙤𝙣🎧: 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙗𝙮 𝙅𝙪𝙨𝙩𝙞𝙣 𝘽𝙞𝙚𝙗𝙚𝙧

- BOYFRIEND -


ဒီနေ့ ရာသီဥတုက လှတယ်။ ကြည်လင်နေကျ နွေရဲ့ကောင်းကင်ထက်စာရင် အုံ့မှိုင်းနေတဲ့ ကြပ်ခိုးရောင်မိုးတိမ်တွေက အနုပညာပိုဆန်တယ်လို့ထင်တယ်။ ပြီးတော့ ခပ်ဖွဲဖွဲကျနေတဲ့မိုးစက်တွေ။ အကာအရံမဲ့နေတဲ့ မျက်နှာထက်ကို ထိတွေ့သက်ဆင်းလာတဲ့ အဲ့ဒီမိုးရေစက်လေးတွေကို သူသိပ်သဘောကျတယ်။ မနက်က အမှတ်မထင်မြင်လိုက်ရတဲ့ စိတ်ပျက်စရာမြင်ကွင်းနဲ့ယှဥ်ရင် မိုးစက်မိုးမှုန်လေးတွေက သူ့ကိုအများကြီးအေးချမ်းစေတယ်လေ။

" ဒီကို ရောက်နေတာပဲ.."

" အမေ့.."

အာရုံတို့ကိုပျက်ပြားသွားစေတဲ့ အသံတစ်ခုကြောင့် ရှင်းမ်ဂျိတ်ခ်ပုခုံးလေးတွေ လှုပ်ခါသွားရတယ်။ ဒါကထိတ်လန့်မှုကြောင့်မဆိုသာသော်ငြား သူ ဒီအသံကို မျှော်နေခဲ့မိတာပဲ။

" မိုးတွေရွာနေတယ်​ေလ။ ဘာလို့ ထီးမယူလာတာလဲ။"

ပိုင်စိုးပိုင်နင်းရှိလွန်းတဲ့ အမိန့်ဆန်ဆန်အသံဟာ နည်းနည်းလေးမှ နာခံချင်စရာကောင်းမနေခဲ့။

" ဟက်...စိတ်ကောက်နေတာပဲ"

" ခင်ဗျား စကားကို ဆင်ဆင်ခြင်ခြင်ပြောပါ ဟီဆွန်းရှီ..။ ကျွန်တော့်မှာ ခင်ဗျားနဲ့စနောက်ချင်စိတ်ရှိမနေဘူး။"

ခပ်ပြတ်ပြတ်ဆိုတော့ ထိုသူက ခနဲ့ဟန် ပြုံးပြန်တယ်။ အကြိမ်တိုင်းစွဲလမ်းစေတဲ့ အဲ့ဒီအပြုံးတွေကို ဒီတစ်ကြိမ်တော့ သိပ်ကြာကြာမကြည့်ဖြစ်တော့။ စိတ်ဆိုးနေသေးတာကြောင့်လည်း ပါမယ်။ ဒါမှမဟုတ် ထိုသူပြောသလို စိတ်​ကောက်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

" ကိုယ့်ညီမဝမ်းကွဲလေးပါ။"

လှည့်ထွက်တော့မယ့် ဂျိတ်ခ်ခြေလှမ်းတွေက ဇက်ကြိုးဆွဲခံလိုက်ရတဲ့ မြင်းရဲ့ခွာတွေလို တုံ့ခနဲ ရပ်သွားရပြန်တယ်။ အီဟီဆွန်းဆိုတဲ့ ခန့်မှန်းရခက်တဲ့ ဒီလူက သူ့ကို ဘယ်လိုချုပ်ကိုင်ရမလဲ ကောင်းကောင်းသိနေပုံပဲ။ နှုတ်ခမ်းတစ်ဖက်တည်းကို ပင့်တက်သွားစေတဲ့ မထီသလို အပြုံးတွေက ဒီလူ့ရဲ့ သင်္ကေတဆိုလည်း ဟုတ်တယ်။ နောက်ပြီး စီးကရက်ကိုရှိုက်ရင်း မှေးစင်းသွားတတ်တဲ့ မျက်ဝန်းလှလှလေးတွေဟာလည်း တစ်သက်တာ ပျော်ဝင်ချင်စရာပဲ။ ပါးလွှာ​နေတဲ့ နှုတ်ခမ်းပါးဆီကနေ မှုတ်ထုတ်ခြင်းခံလိုက်ရတဲ့ စီးကရက်ငွေ့တွေကတောင် မနာလိုချင်စရာကောင်းတယ်။ ဒီလူကဘာလုပ်လုပ်ကို ငေးချင်စရာကောင်းနေတာက ခက်လွန်းသည်ပဲ။

𝐁𝐎𝐘𝐅𝐑𝐈𝐄𝐍𝐃 (𝐇𝐞𝐞𝐉𝐚𝐤𝐞)Where stories live. Discover now