Uni#
"ကဲရောက်ပြီ ဒါ ကိုယ့်အိမ်ပဲ"
"ဝါး ယောင်းအိမ်မက်ထဲကအိမ်ကြီးလိုပဲ အရမ်းလှတာပဲ"
"သဘောကျလား ယောင်း"
"အင်း ဟင့် ဟင့်"
"ဘာလို့လည်း ဘာလို့ငိုရတာလဲကွာ"
"ယောင်းအခြေအနေနဲ့ဆို ဒီလိုမျိုးနေဖို့ကစိတ်ကူးပဲယဉ်ရတာ"
"အဲ့ဒါတွေ မတွေးပါနဲ့ကွာ အခုဒါတွေအားလုံးက ယောင်းအပိုင်ဆိုလည်းဟုတ်တယ်"
"ဒါပေမဲ့"
"ရှူး တော်ပြီ မငိုနဲ့တော့ ဒါကယောင်းအိမ် ကိုယ်ပိုင်ဆိုင်သမျှ ဒီကကိုယ့်အချစ်လေးအပိုင်ပဲ"
"ဟင့်ဟင့် ချီ"
"ချီရမှာပေါ့ ကိုယ့်ခလေးလေးကအရမ်းဝမ်းနည်းသွားတာ ဟုတ်တယ် ငိုနဲ့တော့နော်"
"ဟင့် ဟုတ်"
Jkလည်း Tae ကိုအိမ်ထဲချီခေါ်သွားလာတော့ အိမ်စောင့်တွေရော အိမ်ကအလုပ်သမားတွေပါအံ့ဩလို့ပင်။
"ကြီးကြီးလာပါအုံး"
"ဟုတ် သခင်ကြီးပြောပါ"
"ဒီနေ့ကစပြီး အိမ်မှာနောက်ထပ်လူတိုးမယ် စားစရာဟင်းချက်ပိုချက်ပါ နေ့တိုင်းနော်"
"ဟုတ် သခင်ကြီး"
"ပြီးတော့ ယောင်းကိုမကြိုက်တဲ့သူရှိရင်တစ်ခါတည်းအလုပ်ထွက်ပါ ယောင်းကဒီနေ့ကစပြီးဒီအိမ်ရဲ့အကိုလေးပဲ ကြားလား"
"ဟုတ် ကြားပါတယ်"
"ရပြီ ကိုယ့်အလုပ်ကိုလုပ်ကြတော့"
"ဟုတ်"
စုဝေးနေတဲ့လူတွေလည်းတစ်ယောက်စီခွဲထွက်သွားကြပြီး သူတို့အလုပ်သူတို့ပြန်လုပ်ကြတော့သည်။
"Jeon ခုနကလူတွေက"
"အင်း ကိုယ့်သက်တော်စောင့်တွေနဲ့ အိမ်စေတွေလေ"
"များကြီးပဲနော်"
"အင်း ကိုယ်ကအလုပ်ကိစ္စတွေနဲ့ရှုပ်နေတာကြောင့် အိမ်သန့်ရှင်းရေးတွက် ခေါ်ခိုင်းထားတဲ့သူတွေလေ"
"အော် အဲ့လိုလား"
"အခုတော့ အိမ်ကိုတင်းကြပ်ပေမဲ့သူ ကိုယ့်ဝင်ငွေတွေကိုထိန်းသိမ်းပေမဲ့ အိမ်ထောင်ဖက်လေးက ရောက်နေပြီ"
YOU ARE READING
Psycho👿 (Complete)
Fanfictionဤဝတ္ထုသည် စာရေးသူ၏ စိတ်ကူးအတွေး ဝတ္ထုရေးဖစ်တာကြောင့် စာလုံးအမှားများပါခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါသည်။