One Short Fiction ✨💙

57 2 0
                                    


" ကိုကို ‌လွမ်းတို့အတူရှိခဲ့တဲ့အချိန်တွေကို ဘယ်တုန်းကမှ သတိမထားခဲ့ဖူးတာလား

အင်း ......"
အေးစက်စွာ ထွက်ပေါ်လာခဲ့တဲ့ ကိုကို့ရဲ့နှုတ်ဖျားက စကားသံဟာ လွမ်းရဲ့နှလုံးသားအား တစစီကြေမွသွားစေအောင် ဖဲ့ခြွေနေခဲ့ပါသည်။

" ဒါဆို လေးနှစ်လုံးလုံး ကိုကို လွမ်းကို ပေးခဲ့တဲ့ဂရုစိုက်မှုတွေက ဘာတွေလဲ စိတ်ရင်းနဲ့မဟုတ်ခဲ့ဘူးလား

အင်း.....

အဟက် ဒါဆို ဘာလို့လဲ ကိုကို

သနားလို့......

ဘာ.....
လွမ်းက ဘယ်နားကများ သနားစရာကောင်းနေခဲ့လို့လဲ ပြောစမ်းပါဦး ကိုကို
လွမ်း ကိုကို့ကို ဂရုစိုက်ကြင်နာပေးခဲ့တာက အစားထိုးခံဖြစ်ဖို့အတွက်လား

ကိုယ် တောင်းပန်ပါတယ် လွမ်းငယ်....သူ့ကိုမေ့နိုင်ပြီထင်လို့ လွမ်းငယ်ကို ချစ်ခွင့်တောင်းခဲ့တာပါ
ဒါပေမယ့်.....ကိုယ် မင်းကို အစားထိုးသလိုဖြစ်သွားမိတယ်

အခု သူမက ကိုကို့ဆီပြန်လာနေလို့လား....

အင်း....."
တွေဝေခြင်းမရှိ ဖြေလာခဲ့သော ကိုကို့စကားတွေဟာ လွမ်းရဲ့နှလုံးသားအား တစ်ချက်ချင်း ဆူးနဲ့စိုက်ထိုးနေသလို နာကျင်လွန်းတယ်

" ဒါဆို ဒီလေးနှစ်လုံး တစ်ယောက်တည်းချစ် တစ်ယောက်တည်း အရူးလို ရူးနေခဲ့တာပေါ့လေ
ကိုကို့အမြင်မှာ အဲ့တာကြောင့် လွမ်းက သနားစရာကောင်းနေခဲ့တာလား

ကိုယ် မင်းကို အားနာတာလည်းပါတယ် လွမ်းငယ်
ကိုယ့်ဖက်က မှားခဲ့တာမှန်ပေမယ့် မင်းကို အမှန်အတိုင်းပြောပြလိုက်ရင် မင်းခံစားရမှာကိုမလိုချင်တာလည်းပါတယ်

တော်ပါတော့ ဘယ်လိုစကားလုံးတွေနဲ့ လွမ်းကို နာကျင်စေချင်သေးတာလဲ
နာကျင်ရတာ ကိုကိုမှမဟုတ်ဘဲ....လွမ်းကို အရူးလုပ်နေခဲ့ရတာကို ပျော်နေခဲ့တာလို့ပဲ ပြောလိုက်စမ်းပါ....ကိုကိုရာ

ကိုယ် တောင်းပန်ပါတယ် လွမ်းငယ်....ထပ်ပြောစရာစကားလုံးလည်းမရှိပါဘူး

မပြောနဲ့ ထပ်ပြောစရာ စကားလုံးတွေရှိလည်း ရှင်နဲ့မတန်ဘူး ကိုကို
လွမ်းဖက်က စစ်မှန်တဲ့မေတ္တာတရားကိုပဲ ပေးခဲ့တာ
ကိုကိုပြန်ပေးတာက အတုအယောင်မို့ တန်ပြန်ဝဋ်မလည်ပါစေနဲ့...."
လွမ်းနဲ့ ကိုကို စကားပြောနေသည့်နေရာသို့ အမျိုးသမီးတစ်ဦးရောက်လာခဲ့သည် လွမ်းထပ် အသက်ကြီးမည့်ပုံစံဆိုပေမယ့် တည်ငြိမ်ချောမောသည့် အမျိုးသမီးလေးပင်

One Short Fiction ✨💙Where stories live. Discover now