စာအုပ်ထဲကအရံဇာတ်ကောင်လေးအဖြစ်သို့..."ဟဲ့ မင်းခ "
"ဘာလဲ"
"နင့်အခုတလောဝတ္ထုဖတ်ချင်တယ်လို့ငါ့ကိုပြောတယ်မလား..ငါမှာနင့်အတွက်ဟိုတလောကမှစာအုပ်ထွက်ထားတဲ့ ဝတ္ထုစာအုပ်ပါတယ်"
"အော် ..အင်းနင့်ဟာကဖတ်လို့ကောင်းရဲ့လား.."
"ကောင်းချက်က 99+ ပဲ..ရော့စာအုပ်"
"အေး ကျေးဇူး..ငါပြန်တော့မယ်"
"အိုကေ"
...
.မင်းခလည်းအိမ်ရောက်တော့...ဝတီပေးတဲ့စာအုပ်ကိုဖတ်ကြည့်လိုက်တယ်...ဝတ္ထုကထူးဆန်းလွန်းလို့မင်းခ ဘယ်နှစ်ခါပြန်ဖတ်ဖတ်သူနားမလည်ခဲ့ပေ...ဘာလို့လည်းဆိုတော့...ဇာတ်လိုက်က...သူရဲ့ဇာတ်လိုက်မနဲ့မတွေ့ခင်ကောင်လေးတစ်ယောက်နဲ့မှားပြီးအဲ့ကောင်လေးမှာကိုယ်ဝန်ရှိခဲ့တယ်တဲ့လေ....မှားတာကလည်းအသက်16နှစ်မှာတဲ့...
"မြတ်စွာဘုရား...အ့တုန်းကဇာတ်လိုက်ကသေးသေးလေးပဲရှိသေးတယ်မဟုတ်ဘူးလား"
(Nadi:အမ်..အစ်ကိုရီးဘာသေးတာ???"မင်းခ: အသက်ငယ်သေးတာကိုပြောတာပါ .နင်.ဘာတေတွေး
Nadi:မ..မတွေးပါဘူးအ့တာပဲတွေးတာ)
ဒါပေမဲ့ဇာတ်လိုက်ကအဲ့ကောင်လေးမှာကိုယ်ဝန်ရှိသွားမှန်းမသိခဲ့ဘူး...
ဒီလိုနဲ့5နှစ်ကြာသွားတော့ ..တက္ကသိုလ်မှာအဲ့ဒီကောင်လေးနဲ့ပြန်တွေ့ခဲ့တယ်...ဇာတ်လိုက်ကထိုကောင်လေးကိုမမှတ်မိခဲ့ပေ....ပြီးတော့ထိုကောင်လေးမှာ 4နှစ်အရွယ်သမီးလေးရှိတယ်တဲ့.....ဒါပေမဲ့...တစ်ေန့ထိုကောင်လေးကျောင်းကအပြန်မှာ ကောင်မလေးတစ်ယောက်ကားတိုက်မလိုဖြစ်တာကိုဝင်ကူညီခဲ့ရင်း..သူအသက်ဆုံးရှုံးလိုက်ရတယ်....သူမသေခင်သူကယ်ခဲ့တဲ့ကောင်မလေးကိုသူ့သမီးလေးကိုစောင့်ရှောက်ဖို့ပြောသွားခဲ့တယ်....အံဩစရာကောင်းအောင်အ့ကောင်မလေးကဇာတ်လိုက်မဘဲ......ဒီလိုနဲ့ဇာတ်လိုက်မက ကလေးမလေးကိုကျွေးမွေးစောင့်လျှောက်ခဲ့တာပေါ့...တစ်နေ့တော့ဇာတ်လိုက်မတို့ကျောင်းပြီးသွားပြီးဇာတ်လိုက်မကဇာတ်လိုက်ရဲ့ကုမ္ပဏီမှာဇာတ်လိုက်ရဲ့အတွင်းရေးမှုးဝင်လုပ်ခဲ့တယ်...ဇာတ်လိုက်မကအလုပ်ကြိုးစားတယ်ရိုးသားတယ်အလုပ်မှာလည်းအရည်အချင်းရှိတဲ့လူတစ်ယောက်မို့အစပိုင်းမှာဇာတ်လိုက်ကစိတ်ဝင်စားခဲ့တယ်....တစ်နေ့ဇာတ်လိုက်မက သူရဲ့မွေးစားသမီးလေး(ဟိုကောင်လေးရဲ့ခလေး)ကို ကစားကွင်းလိုက်ပို့ရင်းဇာတ်လိုက်ကလည်းအလုပ်ရှိလို့ကစားကွင်းနားကစားသောက်ဆိုင်ကိုလာတာနဲ့တွေ့သွားကြတယ်...အ့မှာဇာတ်လိုက်ကဘယ်သူ့ကေလးလဲေမးေတာ့ဇာတ်လိုက်မကသူသမီးအရင်းပါလို့ဖြေခဲ့တယ် ...ဇာတ်လိုက်ကထိုကလေးမလေးကသူနဲ့အရမ်းတူတာကြောင့်...သူ့အသက်15နှစ်တုန်းကမှားခဲ့တဲ့သူကဇာတ်လိုက်မလို့စပြီးထင်လာတယ်ပြီးတော့သွေးကစကားပြောတယ်ဆိုသလိုပဲထိုကလေးမကဇာတ်လိုက်ကိုတအားချစ်တယ်ဇာတ်လိုက်လည်းအတူတူပါပဲတခါတလေး ဇာတ်လိုက်အလုပ်ခန်းထဲထိတောင်ထိုကလေးမလေးကိုဇာတ်လိုက်နေခွင့်ပြုထားတယ်...တစ်နေ့ဇာတ်လိုက်ကထိုကလေးမလေးနဲ့သူရဲ့သွေးကိုDNAစစ်ကြည့်ခဲ့တယ်99.99%တူညီနေတာကြောင့့်ဇာတ်လိုက်မကသူနဲ့မှားခဲ့တဲ့သူလိုယုံကြည်ခဲ့တယ်....ထိုအကြောင်းကိုဇာတ်လိုက်မမေးကြည့်တော့လည်း...ဇာတ်လိုက်မကမငြင်းခဲ့ပေ..ဇာတ်လိုက်လိုအဖက်ဖက်ကပြည့်စုံတဲ့သူကိုသူမငြင်းချင်ပေ...နောက်ပိုင်းမှာဇာတ်လိုက်နဲ့ဇာတ်လိုက်မရန်ဖစ်လိုက်ပြန်ချစ်လိုက်တေ...roမှုတစ်သိန်းတစ်သောင်းတေပေါ့...နောက်ကြတော့ဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့သားလေးတစ်ယောက်မွေးခဲ့ကြတယ်...ပြီးတော့ happy endingပေါ့...
ဒါပေမဲ့ဇာတ်သိမ်းပိုင်းမှာဇာတ်လိုက်မက ထိုကောင်လေး(မင်းခ)ရဲ့အုတ်ဂူကိုသွားပြီးစကားတစ်ခွန်းပြောခဲ့တယ်
"ငါကိုကယ်တင်ခဲ့တဲ့နင့်ကိုကျေးဇူးတင်ပါတယ်...ငါရေးခဲ့တဲ့ဇာတ်လမ်းမှာနင်ကမြေဇာပင်ဖြစ်ခဲ့ရတယ်ဆိုပေမဲ့ နင်သေပေးလို့ကျေးဇူးပါ မင်းခ"
ဇာတ်လိုက်- မင်းခယောက်ျား
ဇာတ်လိုက်မ-မိုးမခကြွေ
အရံဇာတ်ကောင်-မင်းခ"ဘယ်လိုရီးလဲ...ငါနမည်ကိုအလွဲသုံးစားလုပ်တာပဲ.. ဇာတ်လိုက်မပြောသွားတာဘာအဓိပ္ပါယ်လည်း...ဇာတ်လိုက်ကလည်းသူစီးတဲ့မြင်းအထီးလားအမလားမသိဘူးလားဟပြီးတော့ယောက်ျား.ေလးတစ်ေယာက်ကဗိုက်ကြီးပါ့မလား..ထားလိုက်ပ့ါတော့...ဝါးး အိပ်တော့မယ်၁၂တောင်ခွဲတော့မယ်.."
*မင်းခ..ပြန်လာခဲ့...မင်းရဲ့နေရာကို...မင်းကဇာတ်လိုက်ပဲ..*
"အားးးး"
မင်းခအိပ်မက်ကလန့်၍နိုးလာခဲ့တယ်လူတစ်ယောက်ကသူ့ကိုခေါ်နေတယ်အ့လူရဲ့ပုံကဝါးနေတယ်မမှတ်မိပေသေချာတာကတော့သူ့ကိုခေါ်နေတာပင်....ပြီးရုတ်တရပ်သူ့အခန်းဟာမှောင်မဲသွားခဲ့တယ်ပြီးတော့ ခေါင်းနောက်ကနာကျင်မှုနဲ့အတူသူ့ကမ္ဘာဟာလည်းအမှောင်အတိ....
