🤍 MAFEA 🖤 [Part -2]
ကားထိုးရပ်လိုက်တဲ့နေရာက
ခြံအကျယ်ကြီးဖြစ်သည်။
ဆောင်း ကားရပ်တယ်ဆို တံခါးတွန်းဖွင့်ကာ
ဆင်းလိုက်စဉ် အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့
အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့
လူတစ်ယောက်ကပြေးလာပြီး
သူမထွက်လမ်းနား ပိတ်ရပ်ထားသည်။
ပြတင်းဝကနေ ထိုလူကိုကြည့်ပြီး
တစ်ဖက်ပြန်လှည့်တော့ ဘေးက
လူစိမ်းကြီးကားထဲထွက်သွားလေပြီမို့
ဆောင်း ထိုလူနဲ့ ရင်ဆိုင်ရတော့မည်ဆိုတာ
သိနေသည်။လက်ကိုချုပ်ကိုင်ကာ ကားထဲက
တစ်ရမ်းတကြမ်း
စောင့်ဆွဲခေါ်လာရရင်း
ဆောင်း ယုတ်လျော့
ပျော့ဖက်စွာပါလာခဲ့ရသည်။
အိမ်တံခါးနားအထိသာ
ခုနလူကပါလာပြီး
သူက ဆိုဖာပေါ်ကလေးကို
စောင့်တွန်းချလိုက်၏။"အို ရှင်!!"
တင်ပါလေးအောင့်သွားရကာ
မျက်နှာလေးလည်း
ရှုံ့တွတွဖြစ်ပြီး သူမရှေ့က
မတ်တပ်ရပ်နေတဲ့
ထီးထီးကြီးစိုက်ကြည့်နေတဲ့ထိုလူကို
မျက်မှောင်ကျုံ့ကြည့်သလို
ဆိုဖာပေါ်ကလည်းထရပ်ဖို့ပြင်ကာ
ဒူးတစ်ဖက်ထောက်ကာ
တကျလာ၏။ပခုံးခြမ်းလေးကိုစောင့်တွန်းကာ
ဖိချလိုက်တော့သူ့အားကြီးနဲ့မို့
နာကျင်ခြင်းနဲ့ဝမ်းနည်း
ထိတ်လန့်ခြင်းတွေကြောင့်ပါ
မျက်ရည်လေးတွေပြည့်တက်လာသည်။တိတ်ဆိတ်ငြိမ်သက်သည့်
အိမ်ကြီးထဲ သူနဲ့ကိုယ်နှစ်ယောက်ထဲ
ထင်သည်။စောစောတုန်းက လူက
သူ့တပည်များဖြစ်နေမလား
ဟုတ်လောက်သည်။ဆောင်း ကိုယ့်အတွေးနဲ့ကိုယ်
မျက်ရည်တွေမကျအောင်
ထိန်းပြီး ခန္ဓာကိုယ်ကြီးကိုင်းကျနေတဲ့
ထိုလူအားခပ်ထေ့ထေ့ကြည့်ကာ"ဒီမှာ ရှင်ကျွန်မကို မဟုတ်တာ စွတ်စွဲပြီး
ဒီလိုခေါ်လာလို့ရရိုးလား တရားဥပဒေဆိုတာ
အလကားရှိနေတာမဟုတ်သလို ဒါဟာ
မင်းမဲ့တိုင်းပြည်လည်းမဟုတ်ဘူး"မျက်နှာချင်းထိလုမတက် သူငုံ့လာပြီး
သူမလက်မောင်းအား
ခပ်ကြမ်းကြမ်းညှစ်ကိုင်ပြီး
မာကြောသောမျက်နှာပြင်က
ကျောက်ခဲကြီးတစ်မျှ
အေးစက်မှုတွေကလည်းရေခဲပြင်လို
စူးနင့်စွာစိုက်ကြည့်ရင်း
