Uni#
"တီ..တီ"
"ယေး ကိုယ်ပြန်လာပြီ"
အိမ်အောက်ကနေ လုံးလုံးလေးပြေးလာတဲ့ကောင်လေးက ခြံတံခါးလာဖွင့်ပေးသည်။
Jkသိလိုက်သည်က သူ့ပေါက်စက တော်တော်ဖင်ပေါ့တယ်ဆိုတာပင်။
"ပြွစ် ဘာလို့ကိုယ်တိုင်လာဖွင့်ရတာလဲကွာ လာတော့လည်းဖြည်းဖြည်းမလာဘူး"
"ဟီး ယောင်းကဖွင့်ပေးချင်လို့ပါ"
"နောက်ခါအဲ့လိုမလုပ်နဲ့နော် ကိုယ်မကြိုက်ဘူး ဖင်ပေါ့တာတော့ကောင်းပါတယ် ဒါပေမဲ့အဲ့လိုပြေးလာတွေကိုယ်မကြိုက်ဘူးနော်"
"ဟုတ် နောက်မပြေးတော့ပါဘူး ကိုယ့်ကိုစကားနားထောင်ပါ့မယ်"
"ချစ်စရာလေးကွာ အဲ့ကြောင့်ချစ်နေရတာ ချစ်သဲအသက်လေးကို"
"အိမ်ထဲဝင်မယ်လေ အိမ်ရှေ့ကြီးမှာ"
"အင်းအိမ်ထဲဝင်လက်စနဲ့အခန်းထဲပါတစ်ခါတည်းဝင်တာပေါ့ ယောင်စလည်းလိုက်ခဲ့လေ လုပ်စရာရှိတာလုပ်ရအောင်"
"ရား ဘာတွေပြောနေတာလဲ လူတွေရှိနေတာကို ညစ်ပတ်ကြီး ကိုယ်က"
"ကိုယ်ကရေမိုးချိုးအဝတ်စားဝတ်ပေးဖို့လေ ယောင်းကအတွေးလွန်နေပြီပေါ့"
"တော်ပြီ သွား နေခဲ့တော့"
မျက်နှာတပြင်လုံး စတော်ဘယ်ရီသီးလိုနီရဲတွတ်ကာ ရှက်ပြီးအိမ်ထဲပြေးဝင်သွားတဲ့ပေါက်စ။
"ယောင်းညကိုယ့်ကိုစောင့်ဦးလေ"
"ကိုယ့်ဘာသာဝင်ခဲ့ ဟွန့်"
နှုတ်ခမ်းလေးထော်ကာ ပြန်လှည့်ပြောလာတာက ကိုယ့်ဘာသာဝင်ခဲ့တဲ့လေ။
Jkလည်း သူ့ပေါက်စ ပြောသွားတာလဲကိုပြုံးပြုံးကြီးကြည့်ရင်း နောက်ကလိုက်ဝင်ခဲ့သည်။
"ကြီးကြီး"
"ဟုတ် သခင်ကြီး"
"ဒီအသီးနဲ့ ရေခဲမုန့်ကို အေးတဲ့နေရာမှာထားလိုက်ပါ အရည်မပျော်စေနဲ့နော်"
"ဟုတ် သခင်ကြီး အခုပဲထည့်ထားလိုက်ပါ့မယ်"
"အင်း"
YOU ARE READING
Psycho👿 (Complete)
Fanficဤဝတ္ထုသည် စာရေးသူ၏ စိတ်ကူးအတွေး ဝတ္ထုရေးဖစ်တာကြောင့် စာလုံးအမှားများပါခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါသည်။