1

18 2 2
                                    

Music playlist ကို Shuffle on ထားရင်း ဗြောက်တောက်လာနေတဲ့သီချင်းတွေကြား ကြားလိုက်ရတဲ့တီးလုံးသံကြောင့် ခေတ္တငြိမ်သက်သွားရသည်။ စူးရှနေတဲ့မျက်ဝန်းများအောက်ရှိ မျက်တောင်များကိုအကြိမ်ရေအနည်းငယ် ဆက်တိုက်ခတ်ပစ်ရင်း...

ကျလာတဲ့ရေတွေကြား တိုးတိုးလေးလိုက်ညည်းမိနေသည်က "အလွမ်းနဲ့ နောက်တစ်ခေါက်ကြုံနိုင်တယ်။ ဒီစိတ်နဲ့ကျရှုံးရင်းသတိရတယ်"

ထိုစာသားအပြီးတွင် ခေတ္တလာနေတဲ့တီးလုံးသံကြား သူပါလိုက်၍ငြိမ်သက်နေမိရင်း...နှုတ်ခမ်းနှစ်လွှာမှာခပ်ယောင်ယောင်လေး အပေါ်သို့ကွေးညွတ်သွားရင်းက နှုတ်ခမ်းတစ်ဖက်သည်သာ အပေါ်သို့ခပ်မဲ့မဲ့ပြန်ကွေးညွတ်လိုက်မိပြီး..."နေ့လည်းမသိ ညလည်းမရှိ မတည်ငြိမ်နိုင် ဒီကမ္ဘာမှာ တစ်ယောက်ထဲရှိနေသလို။"

"အတူတူမနေနိုင်တဲ့ဘဝနှစ်ခုမို့ မျက်စိမှိတ် ရှေ့ဆက်မတိုးချင်ခဲ့" ဒီစာသားကိုတော့လိုက်မဆိုမိ အတူတူမနေနိုင်တဲ့ဘဝတွေဘာတွေလောက် သူတို့ကြား​ပြီး​ပြတ်သွားတဲ့ အကြောင်းအရင်းက လေးနက်မနေ။

ထို့နောက်လာသည့်စာသားများကိုတော့ ခန္ဓာကိုယ်ပေါ်ကျလာတဲ့ရေစက်တွေကြား ရူးသွပ်စွာလိုက်၍ အော်ဆိုနေမိသည်။

"အလွမ်းနဲ့နောက်တစ်ခေါက် ကြုံနိုင်တယ်။ ဒီစိတ်နဲ့ကျရှုံးရင်းသတိရတယ်။ အလွမ်းနဲ့နောက်တစ်ခေါက်ကြုံနိုင်တယ်။ ဒီစိတ်နဲ့ကျရှုံးရင်းသတိရတယ်...."

ထို့နောက်တွင်တော့ ရေချိုးခြင်းလည်းပြီးဆုံးသွားပြီဖြစ်ပြီး ကြွက်သားများဖြင့်တောင့်တင်းနေသော ရင်အုပ်ပေါ်သို့ သဘက်ဖြင့်သုတ်လိုက်ရင်း ခါးတွင်ပါအဖြူရောင်သဘတ်လေးတစ်ထည် နေရာယူသွားတော့သည်။ ပိုင်ရှင်စိတ်ဆန္ဒအရထုတ်လွှတ်ထားတဲ့ ကော်ဖီရနံ့ အယ်ဖာဖယ်ရိုမုန်းများသည် ပိုင်ရှင်လိုအေးစက်စက်ခံစားချက်တွေပေးတဲ့ အခန်းကျယ်ထဲ ပျံ့နှံ့သွားတော့သည်။

Ringtone ~~~ အလွမ်းနဲ့နောက်တစ်ခေါက်ကြုံနိုင်တယ်.... ဒီစိတ်နဲ့ကျရှုံးရင်းသတိရတယ်

"Hello"

တစ်ဖက်က ဘယ်လိုစကားများကြားရ၍လည်းမသိနိုင်။ မျက်ခုံးတန်းများသည် အလိုမကျစွာတွန့်ချိုးခံထားရပေသည်။

You're MineWhere stories live. Discover now