Chapter 68

193 17 0
                                    

I raised him.68



ဘန် အလွန်တုန်လှုပ်သွားရပြီး သူ့မျှော်လင့်ချက်လေးများ ကွဲအက်ကာ အပိုင်းပိုင်း ကွဲထွက်သွားသည်။

"...မင်း ကိုယ့်ကို လက်မခံနိုင်ဘူးလား"

တုန်ရီနေသော သူ့လက်သည် ဆာစီးနီယာ ၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ထားသည်။

"ကိုယ် မင်းကို စောင့်လို့မရဘူးလား"

ဘန် သည်  ငိုချတော့မလိုဖြစ်‌နေပြီး သူ့ကို မြင်လိုက်သူတိုင်း စိတ်မကောင်းဖြစ်သွားစေသည်။

“မဖြစ်နိုင်ဘူး"

ဆာစီးနီယာ က ကတုန်ကယင် ပြန်ဖြေလိုက်သည်။

ဘန် သည်  ပြတ်ပြတ်သားသား အငြင်းခံလိုက်ရသည့်အတွက် သူ့ရင်ထဲမှာ တစ်ခုခု ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။သူမစကားတို့က ဒဏ်ရာထဲကို ပိုးသတ်ဆေးတွေ လောင်းချနေသလိုပင်။

"မင်း စောင့်ခိုင်းသလောက် ကိုယ် စောင့်နိုင်ပါတယ်"

မျှော်လင့်ချက် သေးသေးလေးကို ဖမ်းဆုပ်ဖို့ကြိုးစားနေသလို ဘန်က ‌ပြောလိုက်သည်။

“မစောင့်ပါနဲ့”

သို့သော် ဆာစီးနီယာ သည် သူ့မျှော်လင့်ချက်လေးကိုပင် ပယ်ချလိုက်သည်။ သူမသည် အနာဂတ်ကို ပြောင်းလဲရန် ကြိုးစားချင်သော်လည်း အဆုံးတွင် ပြောင်းလဲမရနိုင်မှန်း သူမ စိတ်နေက သိနေ၏။

ကံကောင်းထောက်မစွာနှင့် ဘာပြဿနာမှ မရှိခဲ့လျှင်တောင် ဝတ္ထုအဆုံးထိ သူ့ကို မှော်လင့်ချက်အမှားကြီး (false hope) ပေးထားလို့မရနိုင်ပြန်ပေ။

သူ့ကို ဒီလိုချည်နှောင်ဖို့ သူမက ဘယ်သူမို့လို့လဲ… သူမ တစ်ကိုယ်ကောင်းဆန်ရာကျတယ်…

ဘန် ကို ကြိုးရှည်ရှည်နှင့် လှန်မထားသင့်ပေ။

"မင်း လေးလေးနက်နက် ပြောနေတာလား…ဒါ မင်းတကယ် လိုချင်တာလား"

အံကြိတ်နေသော သွားကြားမှတစ်ဆင့် သူက တစ်ခွန်းချင်း ပြောနေသည်။ သူ့ကြည့်ရသည်မှာ သည်းမခံနိုင်တော့သလို ဖြစ်နေသည်။

အဓိကဇာတ်လိုက်ကငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now