Chapter 157
ယွမ်ရှင်းကျဲ အဝတ်များကိုယူလိုက်ပြီး ဝတ်ဆင်ရာတွင် စိတ်မရှည်ဖြစ်နေသည့်အတွက် မတော်တဆကြယ်သီးမှားတပ်သွားမိသွားသဖြင့် ပြန်ဖြုတ်နေရုံသာ တတ်နိုင်တော့သည်။
ထိုအချိန်တွင် ရုတ်တရက် ဆရာဝန်မှ မေးမြန်းလာခဲ့သည်။
" ခွင့်ပြုပါဦး.. မင်းဆေးရုံဝတ်စုံဝတ်နေတာလား…"
စကားအဆုံးတွင် ဆရာဝန်သည် သူထံသို့ တိုက်ရိုက်ပင် လျှောက်လာခဲ့သည်။
" အာ ကျွန်တော်ခဏနေပြီးတော့မှာပါ…"
ထိုအချိန်တွင် လက်တစ်စုံရောက်လာကာ သွယ်လျသည့် လက်ချောင်းများက သူ၏ကြယ်သီးများကို ဂရုတစိုက်ဖြုတ်ပေးလိုက်ပြီး အလျင်အမြန်နှင့် သပ်သပ်ရပ်ရပ် ပြန်လည်တပ်ဆပ်ပေးလာခဲ့သည်။
ယွမ်ရှင်းကျဲမှာ လော့ဝမ်ချွမ်း ၏ သပ်ရပ်သော လှုပ်ရှားမှုများကြောင့် ထိတ်လန့်သွားရကာ သူ့အား ဗလာဖြစ်နေသည့်အမူအယာဖြင့် ကြည့်လိုက်မိလေသည်။
ဆေးကုသခန်း၏ဘေးဘက်သို့ ဆရာဝန်ရောက်လာချိန်တွင် ယွမ်ရှင်းကျဲသူ၏ဆေးရုံဝတ်စုံအား ဝတ်ဆင်ထားကာ နာနာခံခံဖြင့် လဲလျောင်းနေပြီဖြစ်သည်။
ဆေးရုံဝတ်စုံ၏ကြယ်သီးများအား အပေါ်ဘက်တွင်ပါ တပ်ဆင်ထားပြီး သူ၏လည်ပင်းကို လုံးဝပင်အုပ်ထားကာ သိမ်မွေ့သောအရိုးများကိုပါ ဖုံးကွယ်ထားခဲ့သည်။
လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအား ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးထဲရှိ ပိုင်ဆိုင်လိုစိတ်များအား ထပ်မံဖုံးကွယ်လိုက်ရသည်။
ဆရာဝန်မှ များပြားလှစွာသောကရိယာများကိုဖွင့်နေသည်အား တည်ငြိမ်စွာ ကြည့်နေခဲ့ပြီး အရာအားလုံးပြီးဆုံးသွားကာ မှန်လုံအိမ်အား မပိတ်လိုက်ခင် အချိန်အထိ သူရှေ့ကိုမတိုးခဲ့ပေ။
ခဏအကြာတွင် လော့ဝမ်ချွမ်းငုံ့ချလိုက်ကာ ဆေးကုသခန်းအတွင်းမှ လူငယ်လေးအား သူ၏ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများဖြင့် တွန့်ဆုတ်စွာ ကြည့်နေခဲ့လေသည်။
သူယွမ်ရှင်းကျဲအား တီးတိုးပြောလိုက်သည်။
" ကိုယ်မင်းပြန်လာတာကိုစောင့်ပြီး ချန်ပီယံဆုကိုအတူတူယူကြမယ်…"

KAMU SEDANG MEMBACA
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasiDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...