Uni#
"ရတယ် ထယ်လေး ထားခဲ့ အမတို့ဆေးလိုက်မယ်"
"မဟုတ်တာ မမရပါတယ် ထယ်ဘာသာဆေးလိုက်မယ်"
"ကဲရပါတယ်ဆို အပေါ်မှာသခင်ကြီးစောင့်နေတာကြာရင်စိတ်ဆိုးနေမယ် တက်သွားလိုက်နော် မမတို့လုပ်လိုက်မယ်"
"ဟုတ် မမ အဲ့ဆို ပြီးရင် ဒါလေးစားလိုက်ဦးနော် ်မမတို့တွက်ဖယ်ထားပေးတာ ဗိုက်ဆာနေပြီမလား"
"အော် ထယ်လေးရယ် ဒါတွေမလိုပါဘူး"
"မလိုဘူးတဲ့ မရပါဘူး ထယ်ကကျွေးရင်စားမှ မဟုတ်ရင်ထယ်စိတ်မကောင်းဖြစ်မိမှာ"
"ဟုတ်ပါပီ့ မမတို့စားလိုက်မယ်နော် အခုအပေါ်တက်တော့လေ သခင်ကြီးစောင့်နေမယ်"
"ဟုတ် မမ အဲ့ဆို gnနော် ကြီးကြီးရော"
"အေးအေး ထယ်လေး"
ထယ်လဘ်းအပေါ်ထပ်တက်သွားပြီး jkနဲ့အတူအိပ်မဲ့အိပ်ခန်းထဲဝင်ခဲ့လိုက်သည်။
"အိပ်သေးဘူးလား ကိုယ်"
"အိပ်မပျော်ပါဘူး ကိုယ့်လေးမှာခါးသိမ်သိမ်လေးမှမရှိတာ ဖက်စရာမရှိတော့ဘယ်အိပ်ပျော်မလဲ"
"အရင်ကျ ကိုယ်ဘယ်လိုအိပ်လဲ"
"အရင်ကလား ခွခေါင်းအုံးနဲ့လေ"
"အခုအဲ့ ခွအုံးက"
"ဟိုမှာလေ"
Jkညွှန်ပြတဲ့နေရာကြည့်လိုက်တော့ ကြမ်းပြင်ပေါ်ရောက်နေတဲ့ ခွအုံးလေး။
"ကိုယ်ကတော့ လုပ်ပြီ ကျေးဇူးရှင်ကိုကန်ချထားတယ်ပေါ့"
"အရင်ပါ သူ့ကျေးဇူးက အခုကသူကကျေးဇူးရှင်မဟုတ်တော့ဘူး ကိုယ့်ကျေးဇူးရှင်လေးကမိုးပြရောင်ညဝတ်လေးနဲ့ဖြစ်သွားပြီ"
"ဟွန့် လူလည်ကြီး စကားအရမ်းတက်"
ထယ်လည်း အောက်ကခွအုံးကိုကောက်ကာဆိုဖာပေါ်သေချာတင်ပြီးခုတင်ပေါ်တက်ပြီး jkဘေးဝင်လှဲလိုက်သည်။
"ကိုယ်"
"ဗျာ ဗျ"
"ထယ်ကိုဘယ်လိုချစ်သွားတာလဲ တကယ်ဆိုကိုယ့်နားမှာဝဲနေတဲ့သူဌေးသမီးတွေနဲ့ယှဉ်ရင် ထယ်ကဘာမှမဟုတ်တဲ့ကောင်ကို"
YOU ARE READING
Psycho👿 (Complete)
Fanfictionဤဝတ္ထုသည် စာရေးသူ၏ စိတ်ကူးအတွေး ဝတ္ထုရေးဖစ်တာကြောင့် စာလုံးအမှားများပါခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါသည်။