EP { 1 }

120 5 2
                                    

#unicode

"သက်မှူးထက်"

"ဟုတ် မာမီ"

"ညဉ့်နက်သန်းခေါင်ကြီး ဘာမပြောညာမပြောနဲ့ အိမ်ကနေဘာလို့ထွက်သွားရသလဲသားရယ်"

"ထွက်သွားလဲ ခြံတခါးပြန်ပိတ်ခဲ့လေကွ မနက်ကသူခိုးဝင်တယ်ထင်ပြီး မင်းမာမီဘယ်လောက်လန့်ခဲ့လဲ မင်းသိလား"

"မောင်ငယ် တူလေးကိုဆူမနေနဲ့ ညကဘာဖြစ်ခဲ့လဲမေးကြည့်ဦး ငါဖြင့်သိသိခြင်းအံ့ဩလွန်းလို့ကွယ်"

"သားလေး မာမီကိုပြောပါကွယ် ညကဘာဖြစ်လို့လဲသား"

"ညကမာမီမောင်မိန်းမရဲ့တူမ  နွယ်ခက်ချို12ကျော်ကျော်လောက် သားအခန်းတံခါးကိုလာခေါက်ပြီး ဖွင့်ယုံပဲရှိသေးတယ်အတင်းဝင်ပြီး တစ်ယောက်ထဲမအိပ်ရဲလို့လာအိပ်တာဆိုပြီး အိပ်ယာပေါ်တက်သွားတယ်မာမီ"

ဒေါ်မာလာခိုင်အံ့ဩလွန်းလို့ ပါးစပ်ပင်ပြန်မစိနိုင် ထိုကလေးမသူမသားအပေါ် အမူအယာတွေပြောင်းနေတာခန့်မှန်းမိပေမယ့် ယခုကဲ့လို့လက်ရဲဇက်ရဲနဲ့လုပ်မယ်လို့မထင်

"သားလဲပြန်လွှတ်တာပဲ ဘယ်လိုမှပြောမရဘူး အဲ့တာနဲ့အန်တီလေးဆီထွက်လာတာ ရှေ့ရက်တွေမှာလဲမာမီတို့ မသိပဲဖြစ်သွားတာတွေရှိတယ်"

"သားဟိန်းထက်ပြောထဲက မမကြီးယုံတာယောင်းမငယ် ဒါပေမယ့်ဒီကလေးမအဲ့လောက်ထိ ရဲလိမ့်မယ့်လို့မမကြီးမထင်မိဘူး"

"ဘယ်လိုလုပ်မလဲမောင်ငယ် ဆွေမျိုးလဲဖြစ်နေတော့ အကျယ်အကျယ်ဖြစ်ရင် မိသားစုထဲကြားမကောင်းဘူးကွယ်"

"ကိုသက် သားကိုအခုလောလောဆယ် အဲ့ကလေးမနဲ့ဝေးရာထားရအောင် မာလာသိနေတယ် အပျော်အပါးမက်တဲ့သူ့လိုကလေးမက အငယ်လေးလို့ခရီးသွားတာမလိုက်ပဲ သင်တန်းကိုအကြောင်းပြပြီးနေရစ်ခဲ့ထဲကတခုခုကြံနေပြီ မာလာခံစားမိနေတာ"

"ဒါပေမယ့်ဒီလောက်ထိ ရဲတင်းလိမ့်မယ်လို့မထင်မိခဲ့တာအမှန် အငယ်လေးတို့ပြန်လာဖို့ကတစ်လတောင် လိုသေးတယ်။ ဒီအိမ်မှာထားလဲအဲ့ကလေးမကလိုက်ရှုပ်မှာပဲ သားကိုဘယ်ကိုထားရမလဲကိုသက်ရယ်"

"မမကြီး ယောက်ဖတို့ရွာကိုပို့ထားလိုက်ရမလားဟင်"

"မောင်ငယ်ပို့ချင်ရင်ပို့ထားလိုက်ပေါ့"

You've reached the end of published parts.

⏰ Last updated: Aug 01, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်တို့နှင့်တည်ဆောက်သောWhere stories live. Discover now