Season 2 : Part 59

4.5K 136 12
                                    

[Unicode]

"ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့"
Season 2, [Episode - 59]

"အမလေး"

ရှေ့ကသွားနေသည့်ဒေါ်ရွှေယုံကအမလေးတပြီး တမ့်ခနဲရပ်ကာနောက်ကိုအထိတ်တလန့်ဆုတ်တော့ ခင်လေးလက်ထဲကိုင်လာသည့်ဘုရားသော်တော်ရေချမ်းခွက်ထဲမှရေချမ်းတော်တွေ အဖိတ်ဖိတ်အစင်စင်ဖြစ်ကုန်ရ၏

"ဘာ ဘာဖြစ်လို့လဲဒေါ်ဒေါ်"

ငါဘာမြင်လိုက်တာပါလိမ့်။
အထစ်ထစ်အငေါ့ငေါ့နှင့်မေးသည့်ခင်လေးကိုပြန်မဖြေအားသေးပဲ ကိုယ့်မျက်လုံးတွေကိုယ်ပွတ်သပ်ကြည့်သည်။ ပြီးတော့ နံရံထောင့်ကွယ်ကနေခေါင်းပြူပြီးတစ်ခါထပ်ကြည့်၏။

"ခင်လေး ဘုရားဆွမ်းတော်ကိုနေထွက်မှကပ်ရအောင် သွားမယ်"

ဆွမ်းတော်ပွဲကြီးကိုင်ကာပြန်လှည့်ဖို့ပြင်သည့်ဒေါ်ရွှေယုံကို ခင်လေးကနားမလည်တာကြောင့်...

"မနက်ငါးနာရီဆွမ်းကပ်နေကျကို ဒေါ်ဒေါ်ကလည်း အားလုံးပြင်ဆင်ပြီးမှ..."

"ညည်းကလည်း နေထွက်မှကပ်မယ်ဆိုကပ်မယ်ပေါ့"

အပျိုကြီးပီပီမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒူးတုန်ခြေတုန်ဖြစ်သွားရသလို ဘာမှမမြင်လိုက်ရှာသည့်ခင်လေးကိုလည်းမဖြေတတ်တာကြောင့် ငေါက်လိုက်ပြီးမှ..

"အောက်မှာ မနက်စာအရင်သွားပြင်ကြမယ် မောင်ရာဇနိုးတော့မှာ ခရီးသွားဖို့ကိစ္စနဲ့ဆိုမစောတော့ဘူး"

"ဟုတ် ဟုတ်"

မယ်မင်းကြီးမခင်‌ေလးကအူတူတူနှင့်ပြန်ပါလာရှာလို့တော်သေးသည်လို့ထင်လိုက်ပေမယ့်...

"ဒေါ်ဒေါ်ဘာကိုမြင်လိုက်လို့လဲဟင်"

လူနားအတင်းတိုးကပ်ပြီးလေသံနှင့်မေးတော့ ဒေါ်ရွှေယုံမျက်လုံးပြူးရ၏။

မြင်လိုက်တာကတော့ လူလေးနှင့်ပန်းလေးကိုပါ။ မြင်ကွင်းထဲမှာပူးကပ်နေကြတဲ့ ကိုယ်နှစ်ခုကခင်လေးကြည့်ကြည့်နေတဲ့ကိုရီးယားကားတွေထဲကမင်းသားမင်းသမီးတွေလိုနမ်းနေကြတာဖြစ်၏။ တွေးရင်းတောင်မျက်နှာကြီးခပ်အမ်းအမ်းဖြစ်လာရတာမို့ ဒေါ်ရွှေယုံကခင်‌ေလးနှင့်ကွာ‌ေအာင်ရှေ့ပိုတိုးကာ လှေကားထစ်မှခလုတ်တိုက်မတတ်ဆင်းသည်။

ချစ်လို့ လွမ်းလို့ သူ့အနမ်းတွေနဲ့နေချင်လို့(Completed)Where stories live. Discover now