◾24◾

4.1K 432 24
                                    

(Unicode)

မနက် ၄နာရီကျော်ခန့်။
ဂျောင်ဂုမှာ အရာရာကို သတိနဲ့နေနေခဲ့သဖြင့် မသိစိတ်ကပင် အစောကြီး အလိုလိုနိုးလာလေသည်။ နိုးနိုးချင်း မိမိရင်ခွင်ထဲတွင် အိပ်ပျော်နေသော ထယ်ယောင်းကို မြင်လိုက်ရတာကြောင့် အိပ်ချင်စိတ် ချက်ချင်းပျောက်ပြီး စိတ်ထဲ လန်းဆန်းသွားသယောင်။

ဖြစ်နိုင်ရင် အနားက မခွာချင်ပေမယ့် အခုက အိမ်မှာလည်းမဟုတ်၊ ရိုက်ကူးရေးဝန်ထမ်းတွေနဲ့ အတူနေနေရသည့် ဟိုတယ်မှာမို့ ဂျောင်ဂုလည်း ဘယ်သူမှမနိုးခင် ထယ်ယောင်းအခန်းထဲမှ ထွက်ဖို့ ပြင်ရတော့သည်။

ထယ်ယောင်းမနိုးစေရန် ကိုယ်ကို ဖြည်းဖြည်းလေးသာ လှုပ်ရှားရင်း အိပ်ရာမှ အရင်ထလိုက်၏။ ဂျောင်ဂုလှုပ်ရှားမှုကြောင့် ထယ်ယောင်းမှာ တအင့်အင့်အသံလေးများဖြင့် လူးလိမ့်လာသော်လည်း ဘယ်လောက်တောင် ပင်ပန်းနေလဲမသိ၊ ချက်ချင်းပင် အသက်ရှူသံမှန်မှန်လေးနဲ့ ပြန်အိပ်ပျော်သံားလေသည်။

အဲ့တော့မှ ဂျောင်ဂုလည်း ထယ်ယောင်းလည်ဂုတ်နားလေးအထိ စောင်လေးခြုံပေးခဲ့ပြီး ဆံပင်လေးများဝဲကျနေသော နဖူးလေးကို ထိတယ်ဆိုရုံလေး တစ်ချက်နမ်းလိုက်မိသည်။

ပြီးမှ ထယ်ယောင်းအခန်းထဲကနေ ထွက်လာကာ ခြေသံဖွဖွနင်း၍ ကိုယ့်အခန်းကိုယ်ပြန်ရတော့၏။ ဘယ်သူမှ နိုးမနေကြသေးလို့ တော်သေးသည်။

အခန်းထဲရောက်တော့ ဆက်မအိပ်တော့ဘဲ လေ့ကျင့်ခန်းသာ လုပ်နေလိုက်သည်မှာ တဖြည်းဖြည်း နေအလင်းရောင်ထွက်လာသည်အထိ။

မနက် ၇နာရီလောက်ရှိမှ ဂျောင်ဂုလည်း ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုး၍ အဝတ်အစားသေချာပြင်ဆင်ဝတ်ပြီး အခန်းပြင်ထွက်လာလေတော့သည်။ ဒီတစ်ခါတော့ ရိုက်ကူးရေးဝန်ထမ်းတွေလည်း နိုးနေကြပြီဖြစ်ပြီး ရိုက်ကွင်းဆက်တင်အတွက် ပြင်ဆင်ရန် အလုပ်ရှုပ်နေကြပြီဖြစ်သည်။

ဂျောင်ဂုမှာတော့ မနက်စာစားရန် ပြတင်းပေါက်နဲ့နီးရာ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ပြီးမှ ထယ်ယောင်းထံကို မက်ဆေ့ပို့ရတော့၏။

'နိုးပြီလား အချစ်'

ပို့ပြီး ၅မိနစ်လောက်အထိ seen ပင် မဖြစ်။ ကြည့်ရတာ ဖုန်းအနားမှာမရှိသေးတာရော ရေချိုးနေတာရော ဖြစ်နိုင်ပါသည်။

You Fill My Heart [Completed]Donde viven las historias. Descúbrelo ahora