p - 39

1.7K 64 0
                                    

Unicode..

မီးဖိုခန်း၏ ဘေစင်၌..

" အော့ အော့ .."

" ညီမလေး ဘယ်လို ဖြစ်တာလဲ နေမကောင်းဘူးလား.."

အမက လသားအရွယ် သမီးလေးကို ချီပိုးရင်း မိုးရိပ်အန်နေတာကို တွေ့ပြီးစိုးရိမ်စွာ မေးလေသည်။

မိုးရိပ်တို့နှစ်ယောက် ကယ်တင်ပေးခဲ့သော အစ်မတို့ လင်မယားအား အိမ်ကို ထိန်းသိမ်းဖို့အတွက် ထားခဲ့တာခြင်း ဖြစ်သည်။

"  နေမကောင်းတာမဟုတ်ပါဘူး။ဟိုဟာ ဖြစ်တာ.."

" ဒါဆို အစ်မထင်တာများ ဖြစ်နေမလား.."

အမက ဗိုက်ကို ကြည့်ရင်းပြောနေသည့်အတွက် မိုးရိပ်ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်မိသည်။

" ဟို တစ်မျိုးတော့ မထင်ပါနဲ့။ ဘယ်လို.."

" နည်းပညာတွေ တိုးတက်နေပြီဖြစ်လို့ လိင်တူချစ်သူတွေလည်း ကိုယ်ဝန်ဆောင်လို့ရနေပါပြီ.."

မိုးရိပ်က အမ စကားမဆုံးခင် အလျင်စလို ဖြတ်ပြောလိုက်မိသည်။

" အဲ့လောက်တောင် တိုးတက်နေပြီကို.. အစ်မတို့မှာ မထင်မရှား တောင်ပေါ်မြို့လေးမှာ နေပြီး မျက်စိပိတ်နားပိတ်နေခဲ့တာပဲ။ဒီအကြောင်း တော်ဝင်ရောသိရဲ့လား.."

အမက ဤသို့မေးတော့ မိုးရိပ်လေးပင်စွာ ခေါင်းရမ်းပြလိုက်သည်။

" မဟုတ်မှ နှစ်ယောက်သား ရန်ဖြစ်လာကြတာလား.."

" ဟုတ်တယ်အစ်မ ဒီအကြောင်းတွေကို သူ့ကို မပြောပါနဲ့နော်.. ကိုယ် ဒီကလေးကို တစ်ယောက်တည်းမွေးမယ်။ သူမရှိလည်းရှင်သန်နိုင်ကြောင်းပြမယ်။
အဲ့တာကြောင့် သူ့ကို လုံးဝ မပြောပါနဲ့နော်.."

" အေးပါဟယ်။ ဘာဖြစ်တာဲ မသိပင်မယ့် လင်မယားတွေကြား အယ် လင်မယားမှ မဟုတ်တာ ဇနီးမယားလို့ ပြောရမှာပေါ့နော်။ ဇနီးမယားတွေကြား ဒီလိုပဲ ဖြစ်တတ်ပါတယ်။ညှိနှိုင်းပြီး ဖြေရှင်းကြရမှာပေါ့။ အခုက တစ်ယောက်တည်းမဟုတ်တော့ဘူးလေ.. ။"

အမက သူ့ဘာသာမေးပြီး သူ့ဘာသာဖြေနေသည်ကြောင့် မိုးရိပ်ပြုံးလိုက်မိသည်။
ဟုတ်တာပါပဲ.. အခုအချိန်မှာ သူ့ကို လိုအပ်တာတော့ အမှန်ပဲ။

ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now