"စကားလုံးမဲ့သံယောဇဉ်"

31 4 6
                                    

မြို့ငယ်လေးတစ်မြို့မှာ အဖိုးဖြစ်သူနဲ့ အတူနေထိုင်တဲ့ စကားမပြောနိုင်တဲ့ "လေပြေ" ဆိုတဲ့ ကောင်လေးတစ်ယောက် နေထိုင်တယ်။
"လေပြေ" ရဲ့မိဘတွေကတော့ "လေပြေ" ၆နှစ်အရွယ်မှာဘဲ ကားaccident ကြောင့် အသက်ဆုံးရှုံးခဲ့ပြီး ထိုaccident​
ကြောင့်ဘဲ "လေပြေ" ဟာထိတ်လန့်ပြီး စကားမပြောနိုင်တော့ပါဘူး။ဒါပေမယ့် စကားပြောနိုင်တဲ့ မျှော်လင့်ချက် ကတော့ရှိပါသေးတယ်။ဒါပေမယ့် အချိန်တော့ယူရမှာပေါ့။ "လေပြေ" ကိုတော့ 12.3.1999 ခုနှစ်မှာမွေးဖွားခဲ့တယ်။မနက်ဖြန်ဆိုရင် "လေပြေ" ၁၆နှစ်ပြည့်မွေးနေ့တောင်ရောက်ပြီးဘဲ။

နောက်တစ်နေ့မနက်...

"သားရေ မြေးလေး ထတော့ အဖိုးနဲ့အတူဘုရားသွားမယ်"

"လေပြေ"ကတော့ လက်ကိုခါပြ၍ မလိုက်ချင်ကြောင်းကို လက်ဟန် အမူအရာ ဖြင့်လုပ်ပြနေလေတယ်။

"အော်  မဟုတ်တာ ငါ့မြေးရယ် ဒီနေ့ကသားမွေးနေ့ဆိုတော့ ဘုရားသွား ကုသိုလ်ယူရအောင်ပါ ပြီးရင် ငါ့မြေးကြိုက်တဲ့ မုန့်တွေပန်းချီပစ္စည်း အသစ်တွေ အဖိုးအကုန်၀ယ်ပေးမယ်လေ"

ထိုသို့​ အဖိုးက ပြောလိုက် ချိန်မှာတော့ မြေးဖြစ်သူ "လေပြေ" ရဲ့ မှေးစက်နေတဲ့ မျက်လုံးလေး တွေက ချက်ချင်းပင် ပွင့်လာပြီး ရေချိုးခန်း ထဲသို့ ကခုန်ကာ ၀င်သွားပါတော့တယ်။

"လေပြေ" ရဲ့ ကလေးဆန်တဲ့ အပြုအမူကို
ကြည့်ပြီး အဖိုးဖြစ်သူရဲ့ မျက်၀န်း မှာတော့မျက်ရည်များဖြင့် စိတ်ထဲက

"ငါ့မြေးရယ် မင်းစကားမပြောနိုင်တာ ၁၀နှစ်တောင် ရှိပြီးကွာ။ ငါ့မြေးရဲ့ ရယ်သံလေး ငါမသေခင်တော့ ကြားသွားချင်ပါရဲ့"

စကား အဆုံး မှာဘဲ အဖိုးရဲ့ မျက်ရည် များ ထိန်းချုပ်၍ မရနိုင်တော့ပါ။

ထို့နောက် ရေချိုးပြီး အိမ်အောက်သို့ပြေးဆင်းလာတဲ့ မြေးရဲ့ခြေသံလေး ကိုကြားသောအခါ မျက်ရည်များကို သုတ်၍

"ငါ့မြေးလေးတောင် လူပျိုပေါက်လေးဖြစ်လာပြီးကွ ကြည့်စမ်း တင်မောင်သန်း
ငါ့သမီးငယ်ငယ် ကနဲ့တော်တော့်ကိုတူတာဘဲ"

"ဒါပေါ့ ဆရာရယ် မမလေးငယ်ငယ် ကအတိုင်းဘဲ"

"လာ မြေး ကားပေါ်တက် ။ တင်မောင်သန်း ခြံတံခါးကို သေချာပိတ် ကြားလား။"

You've reached the end of published parts.

⏰ Last updated: Aug 04, 2023 ⏰

Add this story to your Library to get notified about new parts!

"စကားလုံးမဲ့ သံယောဇဉ်"Where stories live. Discover now