မင်းဖန်ဆင်းတဲ့ရင်ခုန်သံ ၂

1 1 0
                                    


🕰️တီ....တီ🕰️

ရဲရင့်သွေး အနေနဲ့ဆက်အိပ်ချင်သော်လည်း ဒီနေ့လုပ်စရာလေးတွေရှိသေးတာမို့ မထချင်ထချင်နဲ့အိပ်ရာမှထလိုက်သည်။အရင်ဆုံးLaptop ဖွင့်လိုက်ပြီးနောက် emailဖြင့် cilent ဆီကို
နမူနာdesign ပုံစံပို့ပေးလိုက်သည်။ထိုနောက် ဖုန်းသံမြည်လို့ကိုင်ရန်ကြည့်လိုက်တော့...ကောင်းကင်မာန် ဖြစ်နေ သည်။

📱Morning....သွေး📱

📱 အင်း📱

📱 ငါအခု မင်းအိမ်ရှေ့မှာ📱

📱မင်းကမနက်စောစောစီးစီး ဘာလာလုပ်တာလဲ📱

📱မုန့်လာပေးတာလေ။မင်းအရင်တခါကောင်းတယ်ပြောတဲ့ဆိုင်က နို့အေးနဲ့
ဒင်ဆမ်းဝယ်ခဲ့တယ်📱

📱၁၀ မိနစ်နေရင် ထွက်ခဲ့မယ်📱

မုန့်ဆိုတဲ့အသံ ကြားလိုက်တာနဲ့တပြိုင်နက်ချက်ချင်း လေသံပြောင်းသံသွားတဲ့ ရဲရင့်သွေး။မုန့်လိုပြောလိုက်တာနဲ့ နှစ်ခါပြောစရာမလိုဘူးပဲ။

" ချက်ချင်းကို ရောက်ချလာတာပဲ "

ရေချိုးခန်းထဲမြန်မြန်ဝင်ကာ သွားတိုက်၊မျက်နှာသစ်ပြီးနောက် ခြံတံခါးရှေ့သို့ထွက်လာခဲ့လိုက်သည်။Alphard ကားအဖြူကို ကျောမှီထားပြီးသူ့ကိုပြုံးပြနေတဲ့ ကောင်းကင်မာန်။ တီရှပ်အဖြူကို အပေါ်က အနက်ရောင်ဂျင်းလက်ရှည်နှင့် style pant အညိုရောင်ကိုတွဲဝတ်ထားသည်။အသားညိုပြီးပခုံးကျော်တဲ့ ဆံပင်ကိုတဝက်စည်းထားတဲ့  သူ့ပုံစံကmodelတောင်အရှုံးပေးရလောက်သည်။

" မုန့်က ဘယ်မှာလဲ "

" မင်းမျက်နှာရော သစ်ခဲ့ရဲ့လား "

" သစ်ပါတယ်။မင်းကလည်း.... "

" ရော့... "

" ကျေးဇူးပါ...ငါသွားပြီ "

" နေအုန်း "

" ဘာလဲ "

" ငါ့ကို အိမ်ထဲမခေါ်တော့ဘူးလား "

" မင်းက ဒီနေ့အလုပ်မရှိဘူးလား "

" ဒီနေ့ နားရက်လေ။နောက်ပြီးမင်းကို တစ်ခုပေးစရာကျန်သေးတယ် "

မာန်....သူ့ကားနောက်ခန်းမှာထည့်ထားတဲ့အပြာရောင်လက်ဆောင်ဘူးလေးကို ယူလိုက်ကာသွေးရဲ့လက်ထဲကို ထည့်ပေးလိုက်သည်။လက်ဆောင်ဘူးကို
ယူပြီးနောက်သူ့ကိုကြည့်ပြီး မျက်ခုံးပင့်ကာဘာလဲဟု မေးနေသည့်သွေး

မင်းဖန်ဆင်းတဲ့ ရင်ခုန်သံWhere stories live. Discover now