မောင့်မျက်သွယ်
~•~•~•~•~•~•~•
"ငါ့မှာချစ်သူရှိတယ်""ချစ်သူရှိတာ မိန်းမရှိတာမှမဟုတ်ဘဲ ကိုကိုရဲ့၊ အခုထိ ကိုကိုက လူပျိုပဲရှိသေးတာ ကျွန်တော့်မှာကြိုးစားခွင့်ရှိသေးတယ်"
"လူပျိုဆိုပေမဲ့ ချစ်သူရည်းစားရှိတဲ့သူတစ်ယောက်ကို အခုလိုလိုက်နှောက်ယှက်နေတာက မကောင်းဘူး"
"ကျွန်တော်ကလဲ ကောင်းတယ်မထင်ပါဘူး"
ကြည့်..ကြည့်၊ တကယ်ရိုက်ပေါက်။ ဒီလူလိုနားမမလည်တဲ့ သတ္တဝါလေးကို ဘယ်လိုနားချရမှန်း ကိုင်းမသိတော့ပါ။ ဒီကောင်လေး ကိုင်းနားမှာ တောက်တဲ့လိုတွယ်ကပ်နေတာ တစ်ပတ်ပြည့်တော့မယ်။ ဘယ်လိုနှင်ထုတ်ထုတ်လဲ မသွား။
"ကိုကို့ချစ်သူက ကိုကို့ကိုမချစ်ပါဘူး၊ ကျွန်တော်ရှိနေတဲ့ အချိန်အတွင်းမှာတောင် ကိုကို့ချစ်သူကိုတစ်ခါမှမမြင်ဖူးဘူး၊ ကိုကို့ကို ဂရုမစိုက်တာ သိသာလိုက်တာ"
"အဲ့ဒါက..."
ကောင်လေးအပြောမှာ ကိုင်း ဘာပြန်ပြီးတုံ့ပြန်ရမှန်းမစိဖြစ်သွား၏။ ခြံရံက ကိုင်းကိုချစ်တာကို သံသယမဝင်ပေမဲ့လည်း အခုအချိန်ထိ အဆက်အသွယ်မရတာကတော့ အမှန်ပင်။
"သူအလုပ်ကိစ္စနဲ့ခရီးသွားနေရလို့ပါ"
"သူနဲ့အဆက်အသွယ်ရှိနေသေးတာလား"
ခုနကလို ကိုင်းကိုစနောက်နေရ၍ရွှင်မြူးနေသည့် မျက်နှာမဟုတ်ဘဲ ခပ်တည်တည်ဖြစ်သွားကာ မေးလာသည့် လေသံကအစပြောင်းသွားတာမလို့ ကိုင်းစိတ်ထဲ မသိုးမသန့်ခံစားလိုက်ရ၏။
"ဟ ချစ်သူရည်းစားချင်းပဲ အဆက်အသွယ်ရှိတာ ဆန်းလား၊ မင်းက လိုက်မနှောက်ယှက်နဲ့၊ ငါ့ချစ်သူလဲ ဒီအကြောင်းတွေသိသွားရင် စိတ်မကောင်းဖြစ်လိမ့်မယ်"
"ဒါပေါ့..သူ ဘယ်သိလို့ဖြစ်မလဲ၊ သူသာသိရင် တော်တော်ဒေါသထွက်နေလောက်မှာနော်"
ခုနကလိုမဟုတ်ဘဲ တသောသောရယ်ကာ လက်ခုတ်လက်ဝါးတွေပါ တီးနေသည့် ကောင်လေးက ရူးနေတာများလားမသိ။ ဈေးထဲမှာမဟုတ်ဘဲ အိမ်အပြန်လမ်းမှာ ကိုင်းစက်ဘီးတွန်းသည့်ဘေးနားကလိုက်ကာ စကားပြောနေတာမလို့ လမ်းသွားလမ်းလာတွေကလည်း ကွက်ကြည့်ကွက်ကြည့်။
ВЫ ЧИТАЕТЕ
မောင့်မျက်သွယ်
Любовные романы"ဒီမှာ..၊ ဈေးဝယ်ချင်လို့" "ရတယ် ညီလေး၊ ဘာပန်းလိုချင်တာလဲ" "ပန်းတော့မလိုဘူး၊ ပန်းရောင်းတဲ့လူကိုဝယ်လို့ရလား" "ဘာကွ"