EP-1

737 2 0
                                    

" မမ ဖြည်းဖြည်းမောင်း မမ အရှေ့မှာကား !!!"

အနားထဲမှာကြားနေရတဲ့ အသံတွေ
ကားတစ်စီးနဲ့တစ်စီးတိုက်ခတ်သံတွေ

ပီးတော့ နာကျင်လာတဲ့ခေါင်း

" အ..အ "

" သမီး .. သမီးနိုးလာပီလား
ဒေါက်တာရေ .. ကျွန်မသမီးလေးနိုးလာပီ ဒေါက်တာ "

စကားပြောအသံတွေနဲ့လက်ကိုလာဆွဲကိုင်လာတဲ့ မေမေလက်တွေ ပြီးတော့ ခြေသံအများ ပီးတော့ မှောင်ထဲသို့ တစ်ဖန်။

~~~~~~~~~~~~~~~~~~~~~~~~~~~

" အဲတော့ ညီမလေးက ဘာဖြစ်သွားလဲဟင် စိုးရိမ်ရလား "

ဆေးရုံဆင်းဖို့ ပြင်နေတဲ့အမေ့ကို လှမ်းမေးတော့ ။
အမေက တည်ငြိမ်စွာ မော့ကြည့်လာပီး
ဆေးရုံ ကတင်ပေါ်မှာ နွမ်းလွှာစွာထိုင်နေတဲ့ သူမဆီ လျောက်လာကာ

" သိပ်မစိုးရိမ်ရပါဘူး ကိုမာ ဝင်နေတော့ သတိရလာမှာကို အချိန်နည်းနည်းကြာ စောင့်ရယုံလေးပါပဲ သမီးအပြစ်မဟုတ်ပါဘူးကွယ် "

" ဒါမယ့် သမီးကြောင့်လေ သမီးသာသူ့ကို သွားမခေါ်ခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ဘူး အခုတော့ ဟီး ဟီး "

ပြောရင်း အလိုမကျစွာ စိတ်ပင်ပန်းစွာ ငိုချလာတဲ့ သမီးဖြစ်သူကို ပွေ့ဖက်ကာ

" သမီးရယ် "

" ပီးတော့ သူက နောက်တစ်ပတ်ဆို လက်ထက်ရတော့မှာလေ အမေ အခုတော့ သမီးကြောင့် သမီး ဘယ်လိုတောင်းပန်ရမှန်း မသိတော့ဘူး "

သမီးဖြစ်သူပြောမှ ဒေါ်မျိုးနွယ်ထွန်း
သက်ပြင်းချမိသည်။

တူမလေးက နောက်တစ်ပတ်ဆိုလက်‌ထက်ရတော့မှာ အခုလို ယဉ်မတော်တဆ ဖြစ်သွားပီး ကိုမာ၀င်သွားတော့ တစ်ဖက်လူတွေကို အားနာရသလို ဘယ်လိုတောင်းပန်ရမှန်းမသိတော့

ယဉ်မတော်တဆမှုမှာ သမီးဖြစ်သူသခရမ်းပြာ ပဲ ဒဏ်ရာအနည်းငယ်ရရှိတာဖြစ်ပီး တူမလေးကတော့ ကိုမာဝင်တဲ့အထိ ။

အဖြစ်ပျက်တွေက မြန်ဆန်လွန်းလှသည် ။

~~~~~~~~~~~~~~~~~~~~~~~~~~

"ဟဲ့ ခရမ်းပြာ ကြိုက်လား ကြိုက်ရင်၀ယ်လေ "

အကျီဆိုင်ရှေ့မှာ ရပ်တန့်နေတဲ့သူမကို သူငယ်ချင်း ဖြစ်သူက လှမ်းအော်ပြောတော့မှ သူမသတိပြန်၀င်လာခြင်း

SunflowerWhere stories live. Discover now