မူရင်းဇာတ်ကြောင်းတွင် ဖြတ်လျှောက် စာဂျပိုး၏ ဇာတ်လိုက်နှင့်ဇာတ်လိုက်မအပေါ် ပုန်ကန်မှုမှာ နောက်ပိုင်းမှသာဖြစ်သည်။ ဇာတ်လိုက်သည် မီးနှင့်ကစားရခြင်းကို အလွန်နှစ်ခြိုက်လှသော်လည်း ဇာတ်လိုက်မကတော့ အေးဆေးငြိမ်သက်သော ဘဝကိုသာ လိုချင်ခဲ့သည်။ ထို့အပြင် misaki သည်လည်း ကိုယ့်ကိုယ်ကိုယ်အတွက် ခုခံကာကွယ်ပြောဆိုရမည့်အစား လေ့ကျင့်ခန်းစာအုပ်ထဲ ခေါင်းနှစ်ကာ ပျော်ရွှင်နေမည့် စာဂျပိုးကာရိုက်တာမျိုးဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ စင်မြင့်ထက်သို့ တက်ကာ အသံကောင်းဟစ်မည့်လုပ်ရပ်မျိုး လုပ်ရန် အတော်လေး ဖြစ်နိုင်ချေနည်းပါးလှသည်။
ထိုစဉ် William ၏စိတ်ထဲတွင် အတွေးတစ်ချက် လက်သွား၏။ သူ့အဖေက ဒီကမ္ဘာကို ရုံးချုပ်ကတစ်ဆင့် ချုပ်ကိုင်ဖို့ ကြိုးစားနေပြီလား။ ဟိုနေ့ကကိစ္စကြောင့် သူ့ကို ဒီလောက်မြန်မြန် ခြေရာခံနိုင်သွားတယ်ပေါ့လေ။ ပြီးတော့ သူ့အဖေက တကယ်ကြီး သူ့ကို ဒီကမ္ဘာမှာ ချိတ်ပိတ်ပြီး ပိတ်လှောင်ထားချင်နေသည့်ပုံပင်။ William ၏တရိပ်ရိပ် ထိုးတက်လာသော ဒေါသအငွေ့အသက်များနှင့် အားငယ်စိတ်ပျက်မှုတို့သည် တစ်စုံတစ်ရာကွဲကြေသွားသောအသံကြောင့် နှောင့်ယှက်ခံလိုက်ရသည်။
"Sorry အသံအရမ်းကျယ်သွားတယ်" သို့သော်လည်း ချိုချဉ်ကို ကိုက်ဝါးနေသည့် အသံသည် ရပ်မသွားဘဲ တရစပ် ထွက်လာနေသည်။ သူမက သူလှည့်ကြည့်လိုက်တာကြောင့်သာ ဝတ်ကျေတမ်းကျေ တောင်းပန်နေခြင်းဖြစ်မည်။
ဤထိုင်ခုံဖော်သည် အရမ်းကို OOC ဖြစ်နေပြီဖြစ်သည်။ သူမက တစ်ချိန်လုံး အရှေ့ကိုသာ ကြည့်နေသဖြင့် စာသင်ရာတွင် အလေးအနက်ထားနေဆဲဟု သူထင်ခဲ့သည်။ သို့သော် ကျောင်းသူလေးသည် စားပွဲခုံထက်တွင် ကြုံရာကျပန်းစာအုပ်တစ်အုပ်ကိုသာ ကောက်ဖွင့်ထားပြီး လက်မှလည်း ဘောပင်ကို အဆင်မပြတ်လှည့်နေတာ ခရစ်စတယ်လိုကြည်လင်သည့်ချိုချဉ်လုံးလေးများကိုလည်း အချိန်ပြည့်ဝါးစားနေသေးသည်။ misaki ၏ကျောင်းသူကောင်းပုံရိပ်သည် လုံးဝ ကျိုးပျက်သွားပြီဖြစ်သည်။
ŞİMDİ OKUDUĞUN
How to flirt with the final boss 2
Romantizmအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.