စာသင်ခန်းအတွင်းသို့ ပြန်ရောက်လာသောအခါ William သည် ပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ ငေးမောနေသည့် misaki အား တွေ့လိုက်ရသည်။ ဆယ်ကျော်သက်အရွယ် ကောင်မလေးသည် လက်တစ်ဖက်ဖြင့် မေးထောက်ထားပြီး နောက်လက်တစ်ဖက်ကတော့ စားပွဲခုံအား တတောက်တောက်ခေါက်နေပုံမှာ လူကြီးယောင်ဆောင်နေသော ကလေးတစ်ယောက်နှင့်တူသွားစေသည်။ ဒါပေမဲ့လည်း သူမ၏နောက်ခံကို စဉ်းစားမိသော် ထိုကျောင်းသူတွင် ဤကဲ့သို့သောအပြုအမူမျိုးရှိနေသည်က ဖြစ်သင့်ကြောင်း ခံစားမိလေသည်။ အတွက်အချက်တော်ပြီး ရက်စက်မယ့်ပုံပေါ်ပေမယ့် အရွယ်မရောက်သေးတာကြောင့် သတိထားမိလောက်အောင်တော့ အရှိန်အဝါမရှိသေးပေ။
ထိုကောင်မလေးသည် နောက်ပိုင်းတွင် တကယ့်ကိုကြီးမြတ်သည့်သူ ဖြစ်လာလိမ့်မည်။ ဇာတ်လိုက်ကို ဆန့်ကျင်ခဲ့သည့်တိုင် ဘယ်လိုကံဆိုးမှုမျိုးမှ မကြုံခဲ့ရပေ။ သူမ၏ဖခင်ခြေရာကိုနင်းကာ သူမ၏ဖခင်အတိုင်း တစ်ထေရာတည်းကြီးပြင်းလာခဲ့သည်။ အသွင်အပြင်အရ အရမ်းကြီးမလှပပေမယ့် ကျော့ရှင်းပြီး ထင်ပေါ်ကာ ကြီးပြင်းလာပြီးနောက် ဇာတ်လိုက်မနှင့်သူမသည် မတူညီသည့် အမျိုးသမီးများ ဖြစ်လာကြလိမ့်မည်။ ဇွဲကောင်းပြီး ပြိုင်ဆိုင်လိုစိတ်ပြင်းပြကြပေမယ့် ဇာတ်လိုက်မက အတန်ငယ်ခေါင်းမာကာ misaki ကတော့ အလွန့်အလွန်ခေါင်းမာအဆင့်ဖြစ်သည်။ ထို့အပြင် ရှေ့တိုးနောက်ဆုတ်လှည့်ကွက်များလည်း ကစားတတ်သေးရာ သူမ၏အင်အားမှာ လျော့တွက်လို့မရခဲ့ပါပေ။
သို့သော် ဒါတွေဟာ နောက်ပိုင်းမျှသာဖြစ်သည်။ ယခုအချိန်တွင် ထိုကောင်မလေးသည် ထိုင်ခုံဖော်ကို သကြားလုံးများ အချိုရည်များဖြင့် လာဘ်ထိုးတတ်သော ကျောင်းသူလေးအဖြစ်သာ ရှိသေးသည်။ ပုံမှန်ဆို စာပဲသိသည့် ကျောင်းသူသည်လည်း အဖယ်ကြဉ်ခံရလျှင် ပျော်ရွှင်မည်မဟုတ်ပါချေ။ သူမက သူ့ကိုပင် အရသာရှိသည့်အရာများပေးကာ သူငယ်ချင်းဖြစ်ရန် အစပြုခဲ့သေးသည် မဟုတ်လား။ လူချောလေးသည် သူ့အတွေးနှင့်သူ စာနာလွန်းနေခြင်းဖြစ်သည်။ 00 သာ ကြားနိုင်လျှင် မောင်ငယ်လေးရေ သူမက မင်းရဲ့ရုပ်ရည်ကို တပ်မက်နေတာပါလို့ သတိပေးလိုက်မှာဖြစ်သည်။
KAMU SEDANG MEMBACA
How to flirt with the final boss 2
Romansaအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.