အပိုင်း(၅)

32.2K 1.5K 12
                                    

Unicode

ဦးဘရှိန်တယောက် ဆေးပေါလိပ်ကို နာရီအတော်ကြာသည်အထိ ဖွာနေမိသည်။ သူသည် အရေးကိစ္စရှိမှသာ ဖွာလေ့ဖွာထရှိသော်လဲ ယခုလိုအဆက်မပြတ်ဖွာနေခြင်းမှာ သူ့အတွက် ပထဆုံးဖြစ်သည်။

ဦးဘရှိန် စိတ်တွေ နောက်ကြိနေပြီး အမှောင်ထုအလည် အသူတရာဆူးခက်များကြား တယောက်ထဲ လမ်းရှာနေရသလိုပင်။
သူ့ကိုယ်မှာ စည်းမျည်းစည်းကမ်း သံကြိုးများကြား အမြဲပိတ်လျှောင် ချည်ထုတ်ထားသည်မှာ အသားကျနေခဲ့သော်လဲ အလင်းတစကြောင့် သူရုန်းထွက်ရန် အိမ်မက်မက်ခဲ့သည်။

ယခုတွင်တော့ တဖန် အမှောင်ထုထဲပြန်လည်ရောက်ရှိကာ သူသည်လဲ သံကြိုးများ ရစ်ပက်နှောင်ဖွဲ့မှုအလည်ရှိနေဆဲပင်။ ဖုန်းကြိုးတဘက်မှ တမြို့တနယ်ရှိ သူ့ဖခင်ဖြစ်သူမှာ တလျှောက်လုံး ထားရာနေစေရာသွားသည့် သူ့ရဲ့ လူသတ်လက်နက်မှာ အမှားလုပ်သောကြောင့် စိတ်တိုနေဟန်။

သူငယ်ငယ်က ကလေးသဘောသဘာ သူ့မိဘတွေ၏ တီတီတာတာ ချစ်ကြည်ဆယ်သည်ကို လိုလားခဲ့သည်။ သို့သော် ထိုအတွေးမှာ ပြင်းထန်သည့် ပုံသွင်းမှုများကြား ဦစဘရှိန်ဟူသော နှလုံးသားမရှိသည့် ကျောက်ရုပ်တခုသာ ဖြစ်ပေါ်လာခဲ့သည်။

သူ့အတွက် ပထမဆုံး သက်ဝင်လှုပ်ရှားစေသည့် အခိုက်အတန့်မှာ သူ့အခန်းဖော် မောင်မြိုင်ပင်။ ထိုသူဟာ အပေါင်းအသင်းပေါများလှပြီး လူဝင်ဆန့်ကာ သူ့အတွက် လူအများနှင့်ဆက်ဆံရာတွင် ပေါင်းကူးတံတားဖြစ်ပေးခဲ့သည်။

ကျုပ်အတွက် ထိုသူဟာ သူငယ်ချင်းကောင်းဖြစ်ခဲ့ပြီး တကိုယ်တည်းနေရာမှ လူအများကြား ပြောဆိုဆက်ဆံရန် သင်ပြပေးခဲ့သူဖြစ်သည်။ ဘွဲရပြီး အလုပ်ကိုယ်စီကိုယ်ငှဖြင့် အချိန်တခုကြာ ဝေးကွားခဲ့ပြီး သူမြို့အုပ်မင်းအဖြစ် တာဝန်ကျရာ ဤမြို့၌ ပြန်လည်တွေ့ဆုံခဲ့သည်။

ပွဲရုံပိုင်ရှင် သဌေးကြီး ဦးမြိုင်အိမ်တွင် ကူလီကူငှား လူများစွာ ပျားပန်းခက်လျှက် ။ ဂျစ်ကားပေါ်မှ ဆင်းကာ လျှောက်ဝင်လာသော ဦးလှမြိုင်မှာ မကြာမှီပင် ကလေးတယောက် ပစ်ဝင်လာသည်ကို ကြုံလိုက်ရတော့သည်။ အလယ်တန်း ကျောင်းသူအရွယ် ကလေးမ လေးမှာ ရှုန်းထွက်လာပြီး လူကြီးတယောက်ဖြစ်သည့် သူ့အား ရုပ်ရင်းကြမ်းတမ်းစွာ ပြောဆိုလာသည်။

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Tahanan ng mga kuwento. Tumuklas ngayon