Robert ၏လူလုံးပြကာပေါ်ထွက်လာမှုသည် William အပေါ် တကယ် သက်ရောက်မှုရှိသည်။ သူ ထိုဝမ်းကွဲ၏သရဲဘောကြောင်သော နောက်ကျောဓားထိုးသည့် လုပ်ရပ်များကို လစ်လျူရှုထားလေ့ရှိသော်ငြား ယခုမူ မတူတော့ပေ။ Robert သည် ကောက်ကျစ်ပြီး အငြိုးအတေးကြီးေသာကြောင့် သူတို့အပေါ် လက်တုံ့ပြန်ရန် တစ်ခုခုကို ကြံစည်နေလောက်ပြီဖြစ်သည်။
Williamက တွေဝေငေးမောနေသော်လည်း ငတုံးနောက်လိုက်လေးများသည် misakiနှင့်အတူ အသားကင်စားရင်း ပျော်မြူးနေကြသည်။ ကျောင်းကန်တင်းရှိ စားစရာများက အရသာရှိသည်ဆိုလျှင် ညဈေးတန်းမှအစားအသောက်များကတော့ စားကောင်းသောက်ဖွယ်အဆင့်ဟု ဆိုနိုင်သည်။ စိတ်လွတ်ကိုယ်လွတ်ဖြင့် ကျောင်းလူဆိုးလေးများမှာ ဘီယာအနည်းငယ်သောက်ချင်ကြသော်လည်း misaki ၏ငြင်းဆန်မှုကြောင့် သစ်သီးဖျော်ရည်ကိုသာ ကြိတ်မှိတ်မျိုချနေရသည်။
"ငါ့အဖေက ယမကာနံ့ကို သဘောမကျဘူး" ငရဲမင်းကြီးက သဘောမကျမှတော့ ကျောင်းလူဆိုးလေးများမှာ ဟေးလားဝါးလားဖြင့် စကားလမ်းကြောင်း ပြောင်းရန်သာ ရှိတော့သည်။
သို့သော်လည်း သူတို့နှင့် misaki ကြားရှိ ဆက်ဆံရေးမှာ နေ့လယ်ကဖြစ်ရပ်များကြောင့် အဖုအထစ်မရှိ လုံးဝရင်းနှီးသွားကြပြီဖြစ်သည်။ အခွင့်အရေးသာရှိလျှင် သူတို့၏ဘုန်းတော်ကြီးလိုအစ်ကိုကြီးအား စွန့်လွှတ်ကာ သွက်လက်တက်ကြွသည့် misaki ၏နောက်လိုက်များအဖြစ်သို့ အချိန်မရွေး ပြောင်းလဲသွားကြတော့မလိုပင်။
"သစ္စာမရှိတဲ့ကောင်စုတ်ေလးတွေ" William သည် တစ်ယောက်ချင်းစီအား ဝေ့ကြည့်ကာ ထရိုက်တော့မလို ဟန်ဆောင်ပြလိုက်၏။ ထိုအခါမှ လူလည်ကောင်လေးများသည် သူတို့၏အစ်ကိုကြီးမှာ နှစ်ယောက်မရှိလောက်အောင် ကောင်းသဖြင့် လုံးဝအစားထိုးလို့မရပါဟု ဆိုလာကြသည်။ အစားအသောက်နှင့် လွတ်လပ်မှုသည်သာ ဒီကျောင်းသားလေးများအတွက် အဓိကအရေးကြီးဆုံး အရာများဖြစ်ကြသည်။ စားသောက်ပြီးစီးချိန်တွင်တော့ misaki ၏အဖေသည် ဘောဒီဂတ်အချို့ကိုလွှတ်ကာ သမီးဖြစ်သူ၏အပေါင်းအသင်းအသစ်များအား အိမ်ပြန်ပို့စေသည်။ မိတဆိုးလေးဖြစ်သည့်အပြင် လူမှုဆက်ဆံရေးလည်း ညံ့ဖျင်းလှသဖြင့် သူသည် သမီးဖြစ်သူအား အမှန်ပင် စိတ်မချပါ။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.