Part 10

388 28 1
                                    

Unicode

ရွှေရုပ်။

ပြန်လည်နိုးလာတော့ ညပိုင်းရောက် နေခဲ့ပြီ။ အနားမှာ သက်လျာ၊သော်တာခင်နှင့် ကြယ်စင်ဦး၊ ပြီးတော့ ကို မိုးရိပ်။

သူမ အခြေအနေကို စောင့်ကြည့်နေလေရာ ချက်ချင်းပင် ထထိုင်မိတော့ သည်။ သူမ ဒီမှာ လှဲ နေရမှာ မဟုတ်ဘူးလေ။

ဒါနဲ့ ဘာကြောင့် သူမ အိပ်ရာပေါ် ရောက် နေရတာလဲ။ သက်လျာက

" နင်အဆင်ပြေရဲ့လား"

သူမ ဘာဖြစ်သွားလိူ့ ထိုမေးခွန်းကို မေးနေခဲ့တာ လဲ။ အားလုံးပဲ သူမအခြေအနေကို စောင့်ကြည့်နေကြသည့်အတွက်။

ခေါင်းအရမ်းရှူတ်သွားသည်။

"ငါဘာဖြစ်လို့ ဒီမှာ လှဲ နေရတာလဲ"

သက်လျာက သူမလက်ကို ဖမ်းဆွဲရင်း

"နင်...နင် ဘာမှ မမှိတ်မိဘူးလား"

ဘာကို မှတ်မိရမှာလဲ။ လောလေဆယ် ရှုတ်‌ေထွးနေလို့ ဘာဖြစ်ခဲ့တယ် ဆိုတာထက် ယခုအခြေအနေကို သိချင်တာပင်။

"ရွာစည်းရိုးနားမှာ နင်သတိလစ်ပဲ လဲကျနေတာလေ၊ အချိန်မှီလို့ တော်သေးတယ်၊ အသက်ပြန်ရူအောင် မနည်းလုပ်ထားရတာ"

"နှလုံးက အကောင်းအတိုင်းပဲ ကြောက်လန့် စရာ တခုခုရှိလို့ မေ့လဲသွားတာ ထင်တယ်"

ကိုမိုးရိပ်လဲ ဝင်ပြောကူလာ၍ ထိုအခါမှ ဦးနှောက်ထဲ မေ့နေသည့် အပိုင်းကို စဉ်းစား မိသည်။

ချက်ချင်း ကြယ်စင်ဦး ကိုလှည့်ကြည့်မိသည်။ ကြယ်စင်ဦးက ချက်ချင်း အကြည့်လွှဲသွားတော့ သည်။

သက်လျာက

"မှောင်တဲ့အထိ နင်ပြန်မလာလို့ လိုက်ရှာရင်း သတိလစ်နေတာကို တွေ့ခဲ့တာ"

အမှန်ပင်။ ကြယ်စင်ဦးနဲ့ ကျော်ဇာ တို့ လမ်စခွဲသွားပြီး နောက်ပိုင်း သူမ မြင်ခဲ့ သည့် အရာ တခုကြောင့် ယခုလို သတိလစ်ခဲ့ရခြင်းပင်။

နူတ်ခမ်းတင်းတင်း စေ့ကာ။ ကြယ်စင်ဦးကို

"ကျော်ဇော ဘယ်မှာလဲ"

"ဟင်..."

ကြယ်စင်ဦး ကကဗျာကယာပဲ

"ဘာလို့ ငါ့ကို မေးတာလဲ ငါနဲ့မှ မဆိုင်တာ"

အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)Onde histórias criam vida. Descubra agora