Unicode Version
အနည်းငယ်လှမ်းနေသော ကြောင့် သူမ ရောက်နိုင်ရန်ခဲရင်းသည်။ ထို့ကြောင့်
"သတိထား"
အော်ဟစ်သတိပေးလိုက်ပေမယ့် အလ်ခါ ဆိုသူက သူမ ထက်ပိုလျင်မည်ဆိုတာတော့ သိသည်။
အမှန်ပင်။ တချောင်းထဲ ပြေးဝင်လာသော ဓါးမြှောင်တချောင်းရဲ့ လက်ကိုင်ကို အလ်ခါ ဖမ်းဆုတ်ထားနိုင်သွားသည်။
ရွှေရုပ် အသက်ရူပင်ရပ်သွားသလား ထင်မှတ်ရသည်။ တော်သေးသည်။ သူမ သက်ပြင်းချနိုင် သွားသည်။ ကျော်ဇော တို့လဲ တုတ်ကိုင်ပြီး ဓါးဖမ်းမိသွား၍ ရှေ့ဆက်မတိုး ရဲတော့ ပေ။
အလ်ခါ ထိုဓါးကို စိုက်ကြည့်ရင်း
"သူ့လို ကောင်ရဲ့လက်ပါးစေ ဖြစ်သွားတာ တကယ်အံ့ဩစရာပဲ၊ မင်းတို့ အသက်ကို ယူမယ့် သူက ငါမဟုတ်ဘူး"
ကျော်ဇော က
"မင်းယောက်ျားမဟုတ်ဘူးလား၊ ကိုယ်လုပ်ရဲရင် ဝန်ခံရဲရတယ်ကွ၊ ယောက်ျားတယောက် ဖြစ်ပြီး ဘာကြောင့် သရဲဘောကြောင် လိမ်ညှာ နေတာလဲ"
အလ်ခါက ကျော်ဇော ကို ကြည့်ရင်း
"မင်းပြောတာ မှန်တယ်၊ ငါယောက်ျား မဟုတ်ဘူး၊ ဒါပေမယ့် ကိုယ်လုပ်ရင် ကိုယ်တာဝန်ယူနိုင်တယ်၊
မင်းတို့ ကို သွေးထိုးထားတဲ့ မင်းတို့ နောက်က ကောင်က ငါ့ကိုယ်ထဲက တစိတ်တပိုင်း ဆိုတာ သိရင် ဒီအခြေအနေထိ မင်းတို့ ရောက် လာခဲ့မှာ မဟုတ်ဘူး"
ကျော်ဇော မျက်မှောင်ကုတ်သွားတော့ သည်။သို့လော ဆိုသည့် အတွေးက ဝင်လာမည်သည။ ထိုစကားက အမှန်လား အမှားလား အသိပေမယ့် ခဏချင်းတော့သံသာဝင်မည်မှာ အမှန်ပင်။
ရွှေရုပ်သည်လဲ ထိုမြင်ကွင်းထဲ ရောက်လာ ခဲ့ပြီ။ထို့ကြောင့်
"သူပြောတာမှန်တယ်၊ အဲဒီ မကောင်းဆိုးဝါးက နင်ရဲတိုက်ကို လာတဲ့အချိန်က မြင်ခဲ့ တဲ့ သူ၊ သူ့ရဲ့တ စိတ်တပိုင်း၊ သူကိုယ်တိုင်သတ် ပစ်ခဲ့တယ် ဆိုပေမယ့် အခုလို ပြန်ပေါ်လာ ခဲ့တာ၊ နင်တို့ လက်ကို ဌားပြီး သူ့ကိုယ်ထဲ နောက်ထပ် အစားဝင်ချင်နေတာ၊"
ESTÁS LEYENDO
အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)
Espiritualကံကြမ္မာအဆိုးအကောင်းထက် ကျိန်စာ တခုက ပိုအသက်ဝင်တယ် 💘 သူမကို ပိုင်ဆိုင်နိုင်ရမယ် ( အလ်ခါ -ညို့ရစ်တမ်း) ဂေးတွေကိုအမုန်းဆုံးပဲ (ရွှေရုပ်-ဆူးယံပန်း) နှစ်ဘဝဖူးစာ ပါ။ အလ်ခါ -ရွှေရုပ် နဲ့ ညို့ရစ်တမ်း-ဆူးယံပန်း။ Note; Not included Character Episode. Own c...