UNICODE VERSION
တကြိမ်တခါမှ ဒီရဲတိုက်ကြီးရဲ့ အပေါ်ပိုင်းကို မရောက်ဖူးခဲ့ပေမယ့် ယခုတကြိမ် တွင်တော့ ပန်သူရာခေါ် ဆောင်သွားသည့် နေရာမှာ ရဲတိုက်အပေါ်ဘက် ဖြစ်သည်၊ Spiral လှေကားအတိုင်း တက်သွားသည့်နောက် မီးပန်းလှလှ များချိတ်ဆွဲထားသည့် အပေါ်ထပ် တွင် အလင်းရောင်ဟူသည် လခြမ်းကွေးမှ ရရှိထားသည့် အရှိန် မျှသာ၊ လှေကားအဆုံး စင်္ကြံလမ်းအတိုင်းလျောက်သွားပြီးနောက် တံခါးတချပ်က ဆီးကြိုးနေသည်။
“အထဲမှာရှိတယ် ဝင်သွားလိုက်”
ရွှေရုပ်တုံဆိုင်းနေခြင်း မရှိ၊ အနက်ရောင် လက်ကိုင်ကွင်းကို လှမ်းလိုက်သည့် အချိန်
“ခဏနေအုံး”
ရွှေရုပ် လှည့်ကြည့်လိုက်သည်။ ဘာပြောချင်တာလဲ ဆိုသည့် အကြည့်ကတော့ကျိန်းသေမျက်နှာ ထက်တွင် ပေါ်လွင်နေမည်မှာ အမှန်ပင်။
ပန်သူရာက မျက်ခုံးတချက်ပင့်ပြီး ဆုတ်သပ်ကာ
“သတိမပေးဘူးရှိမလားလို့၊ နင် အခု အထဲဝင်သွားတာနဲ့ အသက်ရှင်လျက် ထွက်နိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲ လိမ့်မယ်၊ နင့်ဆန္ဒနဲ့နင်မို့ တခုခုဖြစ်ခဲ့ရင် ငါ့အပေါ် အပြစ်ပုံချဖို့ မကြိုးစားနဲ့”
ရွှေရုပ်က ပန်သူရာကို ပြုုံးပြလိုက်ရင်း
“ကျေးဇူးပဲ”
စကားအဆုံးမှာတော့ လက်ကိုင်ကွင်းကို ဆုတ်ကိုင်ပြီး တံခါးဖွင့်ဝင်သွားတော့ သည်။ ပန်သူရာ ထိုအချိန်မှ သက်ပြင်းချမိသည်၊ သူ့အတွက် ဒီလိုနေ့ရောက်လာခဲ့တာ အတော်လေးကံကောင်းသည်။ လက်လွတ် ဆုံးရှုူံး ရတော့ မည့် လွတ်မြောက်မှု အခွင့်အရေးကို နှစ်ယောက်လုံး ဖန်တီး ပေးတဲ့ အတွက် ကျေးဇူးတင်မိ မှာပင်၊ လူစိတ်မရှိတော့သည့် မကောင်းဆိုးဝါး ဆီသို့ ကိုယ့်ဆန္ဒနဲ့ ကိုယ် စတေးခံဖို့ ရွေးချယ်ပေးတက်မှန်းသိ လျင် ဝိဉာဉ် ခွဲသည့် ဖြစ်စဉ်ကို အပင်ပန်းခံ မနေခဲ့ပေ။
မကြာခင် လက်ရှိ အခြေအနေက လွတ်မြောက်တော့မည် ဆိုတော့ ထိုအခြေအနေ လေးကို စောင့်ကြည့် သင့် သေးသည် မဟုတ်လား။
YOU ARE READING
အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)
Spiritualကံကြမ္မာအဆိုးအကောင်းထက် ကျိန်စာ တခုက ပိုအသက်ဝင်တယ် 💘 သူမကို ပိုင်ဆိုင်နိုင်ရမယ် ( အလ်ခါ -ညို့ရစ်တမ်း) ဂေးတွေကိုအမုန်းဆုံးပဲ (ရွှေရုပ်-ဆူးယံပန်း) နှစ်ဘဝဖူးစာ ပါ။ အလ်ခါ -ရွှေရုပ် နဲ့ ညို့ရစ်တမ်း-ဆူးယံပန်း။ Note; Not included Character Episode. Own c...