Uni#
"ဟင့် မောင်နော် အကောင်းပြောတယ်မှတ်လို့"
"ဟော ကိုယ်ကဘာပြောလို့လဲ"
"ကိုယ်ပဲ ညကျအခန်းထဲမှာအဝစားမယ်ဆို"
"ဟုတ်တယ်လေ မုန့်ပြောတာလေ အခန်းထဲမုန့်တွေထည့်ထားမှာပေါ့"
"ဟမ်း မုန့်ပြောတာလား မသိပါဘူး ထယ်ကဟီးဟီး"
"ကိုယ့်ဘာသာမှောင်နေပြီတော့"
"ဘာဖြစ်လဲ ကိုယ်ကတသက်လုံးမစားပဲနေမှာကြလို့"
"မစားပဲမနေဘူး ရအောင်စားမှာ"
"တော်ပြီ ပြီးရင်ပြန်မယ်"
"ဟုတ်ပါပြီ jack"
"ဟုတ် ကျွန်တော်အစောကတည်းကရှိနေပါတယ် boss"
"အင်း ပိုက်ဆံရှင်းလိုက်"
"ပြန်ကြတော့မလို့လား ထယ်လေးတို့"
"ဟုတ် တီတီ ပြန်တော့မလို့ အော်ဒါနဲ့ ဒါကထယ့်ချစ်သူ တီတီ"
"အော် လူရည်သန့်လေးပဲ"
"ဟုတ် တွေ့ရတာဝမ်းသာပါတယ် အန်တီ"
"ဝမ်းသာပါတယ်ကွယ်"
"အဲ့ဆို တီတီ ထယ်ပြန်တော့နော် ကိုယ်ကအလုပ်လေးရှိနေလို့"
"အေးအေး ဂရုစိုက်မောင်းကြနော်"
"ဟုတ်"
ထယ်တို့လည်း အိမ်ကိုပြန်လာခဲ့ကြသည်။
ဆိုင်ထဲကအန်တီကတော့ စကားတစ်ခွန်းကိုသူတစ်ကိုယ်ကြားရုံသာပြောလိုက်သည်။
(အင်း စိတ်ထားကောင်းပြီယဉ်ကျေးလိုက်မာတဲ့ကလေး တကယ့်လူရည်သန့်လေးနဲ့ချစ်သူဖြစ်နေတာပဲ လိုက်ဖက်လိုက်တာကွယ်"
"ကိုယ်ရေ"
"ဗျာ ပြောလေအချစ်"
"ဒီနေ့အလုပ်ပြန်မသွားတော့ဘူးလား"
"အင်းပြန်မသွားတော့ဘူး အချစ်နဲ့အချိန်ကုန်မလို့"
"ဟီး ကိုယ်ကလည်း အဲ့လိုထိမလုပ်လည်းရပါတယ် အချစ်ကြောင့်အလုပ်တွေပျက်ကုန်မှဖြင့်"
"အလုပ်က ကိုယ့်အချစ်လောက်အရေးမကြီးဘူး"
"ဟင့် စကားတွေအရမ်းတက်တာပဲနော် ကိုယ်က"
YOU ARE READING
Psycho👿 (Complete)
Fanfictionဤဝတ္ထုသည် စာရေးသူ၏ စိတ်ကူးအတွေး ဝတ္ထုရေးဖစ်တာကြောင့် စာလုံးအမှားများပါခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါသည်။