အခုတလော အရင်ကထက် လိမ္မာလာသလို အရင်ကထက်လည်း ပိုဆိုးလာတယ်
ဒီရက်ထဲ စာလည်းသေချာလုပ်ဖြစ်သလို fic တွေလည်း သိပ်မဖတ်ဖြစ်တော့ဘူး
movie တွေလည်း မကြည့်ဖြစ်သလို
သူများတွေနဲ့လည်း အချိန်မဖြုန်းဖြစ်တော့ဘူးသိလား
But......
နေ့စဉ်ရက်ဆက် ဘီယာတွေသောက်ဖြစ်နေသလို ကိုယ်ဆေးလိပ်တွေလည်းသောက်ဖြစ်နေတယ်သူများတွေအတွက်တော့ ကမ္ဘာကြီးက ကြီးပြီး ကျယ်၀န်းရင်ကျယ်၀န်းနေလိမ့်မယ် ကိုယ်နေခဲ့ရတဲ့ကမ္ဘာကြီးကတော့ အရမ်းကျဉ်းခဲ့တယ် အဲ့ဒီကျဉ်းကျဉ်းလေးထဲမှာတောင် ကိုယ်ရှောင်ကွင်းပြီး သွားလာနေရတဲ့ ရပ်၀န်းတွေအများကြီးရှိသေးတယ်
ကိုယ့်မှာ မွန်းကြပ်လာရင် ဖွင့်ပြောပြလို့ရမယ့် ယုံကြည်ရလောက်တဲ့လူဆိုတာ မရှိဘူး
သူငယ်ချင်းတွေကြားမှာလည်း အေးအတူသာရှိချင်ပြီး အပူမမျှပေးချင်တဲ့ ကိုယ့်စိတ်ကြောင့်လည်း ပါမှာပေါ့လေ...
ကိုယ်ကြိုးစားနေတယ်သိလား
စိတ်နာစရာရှိရင် စာလုပ်ဖြစ်တယ် မခံချင်စရာတွေများလာရင်လည်း စာလုပ်ဖြစ်တယ် ပြိုလဲစရာရှိလာရင်တောင် ဒီနှစ်နှစ်အတွင်း ငါကြိုးစားလို့ရနိုင်တယ် ဆိုတဲ့စိတ်နဲ့ စာပိုလုပ်ဖြစ်တယ် ငါ့မှာ ငါပဲ ရှိတော့တယ် ဆိုတဲ့စိတ်မျိုးမွေးထားတယ်
ကိုယ်ဆုံးဖြတ်လိုက်တဲ့ တစ်ချို့ကိစ္စတွေအတွက် တစ်ခါတလေ အရမ်းပင်ပန်းတယ် ဒါပေမယ့် ကိုယ့်မာနက စိတ်ချမ်းသာတယ်...အရာရာကို နေတတ်အောင်ကြိုးစားနေသလို နေနိုင်အောင်လည်း ကိုယ်ကြိုးစားထားတယ် ကိုယ်ရဲ့အထီးကျန်ခြင်းတွေအတွက် နေ့လည်မှာ ကော်ဖီတစ်ခွက် စီးကရက်တစ်လိပ်နဲ့ ဖြတ်သန်းပြီး ညဘက်တွေမှာတော့ ဘီယာတစ်ဘူး စီးကရက်တစ်လိပ်နဲ့ ဖြတ်သန်းဖြစ်တယ် ဆေးလိပ်တိုတွေနဲ့ ဘီယာဘူးခွံတွေတော့ များလာတာပေါ့လေ......
YOU ARE READING
အငယ်
Fantasiဘာရယ်မဟုတ်ပါဘူး လိုအပ်လာရင် မွန်းကျပ်ခဲ့သမျှတွေကို အရည်ဖျော်ပစ်ဖို့အတွက်