အပိုင်း(၁)

98.4K 1.8K 89
                                    

Unicode

လက်ညှိုးနဲ့လက်ခလယ်ကြား ဆေးလိပ်ကို ဟန်ပါပါဖြင့် နှုတ်ခမ်းညိုညိုပေါ်တေ့ကာ ဆေးလိပ်ဖွာနေသည့်ကျွန်တော်က အရာအားလုံးကို ငြီးငွေ့နေသလို။
ကျွန်တော်သည် မျက်စိသေတတ်သောလူစားမျိုးဖြစ်သည်။ အတွေးပေါင်းသောင်းခြောက်ထောင်နှင့်ရပ်နေချင်ရပ်နေလိမ့်မည်။သွားနေချင်သွားနေလိမ့်မည်။ထိုသို့ဖြင့် ကျွန်တော့်ဘေးပတ်ဝန်းကျင်ကို သတိမထားမိတော့ချေ။
ဆေးလိပ်ကို ဆက်ဖွာလိုက်တော့ ဘေးနားက ခပ်တောင့်တောင့်လေးရပ်နေသည့် မိန်းကလေးဆီက ချောင်းဆိုးသံတဟွတ်ဟွတ်ကြောင့် ကျွန်တော့်ကိုယ်လေး ဆက်ကတည်းတုန်သွားသည်နှင့်တစ်ပြိုင်နက်
လက်ကြားထဲက တစ်ဝက်ပင်မကျိုးသေးတဲ့ဆေးလိပ်ကို နှာမြောတသပင်မကြည့်နိုင်တော့။ ခပ်မြန်မြန် အောက်သို့လွှတ်ချလိုက်ပြီး စီးထားသည့်ဖိနပ်ဖြင့် နင်းချေလိုက်၏။

လေထဲကျန်ရှိနေဆဲ ဆေးလိပ်မီးခိုးတွေကို လက်ဖြင့် ဝေ့ဝဲခါထုတ်ရင်း ချောင်းဆိုးမပြတ်သေးသည့်မိန်းကလေးထံသို့ ခပ်မြန်မြန်ပင်

"တောင်းပန်ပါတယ်ဗျာ"

"ရပါတယ်"

"သောက်ကုလားက အခုမှရောက်လာတယ်"

ခပ်လှမ်းလှမ်းကတရွေ့ရွေ့ဖြင့်ရောက်လာတဲ့ ဗိုက်ပူကားကြီးကို ခပ်ဝဝလူငယ်တစ်ယောက်ဆီက စိတ်မရှည်စွာရေရွတ်နေတဲ့ ပစ်တင်သံကို ကျွန်တော်လည်း ထောက်ခံလိုက်သလို ခေါင်းတစ်ချက်ငြိမ့်ရင်း

"ဟုတ်ပါ့ဗျာ အကြာဆိုမှအကြာကြီး "

ထိုကုလားသည် လူကိုပြောချင်လည်းမဟုတ် အရာဝတ္ထုကိုပြောခြင်းသာဖြစ်သည်။ကုလားဆိုတဲ့စကားကို လူတိုင်းနားလည်ချင်မှနားလည်ပါလိမ့်မည်။ ကျွန်တော်တို့ လူငယ်တွေကြား၊ အထူးသဖြင့် ရန်ကုန်မှာနေတဲ့လူငယ်တွေကြား ပြောင်ခေါ်လေ့ရှိသည့် စကားမျိုးဖြစ်၏။ ဗိုက်ပူကားကြီးတွေမှာ ရေးထားတဲ့ ကလသဖ ဆိုသည့်စာလုံးရှိသည်။အရှည်ကောက်မှာကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့ ဖြစ်၍ ဘိုလိုမှုတ်လျှင်တော့ RTC (Road Transport Corporation)ဖြစ်သည်။ ထိုစကားလုံး ကလသဖကို ကုလားသန်းဖေဟူ၍ပင် စနောက်ကာခေါ်ကြလေ့ရှိကြသည်။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Where stories live. Discover now