လွန်ခဲ့တဲ့၁၀နှစ်.....
ညတစ်ည
ပတ်ဝန်းကျင်တစ်ခုလုံးဆူညံနေပြီးအပျက်အစီးတွေနဲ့ပြည့်နေတယ်။
အဲဒီညမှာပဲSkate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီတစ်ခုမှာSharonလို့ခေါ်တဲ့၁၆နှစ်အရွယ်ကလေးမလေး၊သူမရဲ့ဖခင်ဥက္ကဋ္ဌဖြစ်တဲ့အသက်၄၅နှစ်အရွယ်
Takahashi Kenနဲ့သူတို့ရဲ့စက်ရုပ်လေး
Bunny-botတို့ကမြေအောက်ခန်းထဲမှာရှောင်ပြီးပုန်းနေကြတယ်။Kenကတစ်ယောက်ယောက်နဲ့တွေ့ဖို့ထွက်သွားဖို့လုပ်နေတုန်းSharonကသူ့လက်ကိုဆွဲထားပြီးဝမ်းနည်းနေတဲ့မျက်လုံးတွေနှင့်ကြည့်လိုက်တယ်။"အဖေ၊ဘယ်သွားမလို့လဲ?"
Sharonလက်ကိုတဖြည်းဖြည်းလွှတ်ချလိုက်ရင်း
"Sharon၊အဖေပြန်လာခဲ့မယ်။သမီးဒီမှာပဲနေနော်။"
သူပြုံးပြပြီးထွက်သွားတယ်။
"အဖေ!မသွားနဲ့လေ!"
ခဏအကြာမှာသေနတ်သံတစ်ချက်ကြားလိုက်ရပြီးတစ်ခန်းလုံးတိတ်ဆိတ်သွားတယ်။Sharonကသူမအဖေကိုစိတ်ပူသွားပြီးမြေအောက်ခန်းကနေထွက်သွားတယ်။
ရုံးခန်းကိုသွားတဲ့အခါမှန်တွေအက်ကွဲ၊ပစ္စည်းတွေရှုပ်ပွနေတယ်။သူမလိုက်ကြည့်ရင်းသူမကိုထိတ်လန့်သွားတယ်။Kenကရင်ဘတ်မှာသေနတ်ဒဏ်ရာနဲ့လဲနေတာကိုသူမတွေ့လိုက်ရလို့ပါ။သူမKenဆီပြေးလာပြီး
"အဖေ!"
"Sharon....Skate-shotတည်မြဲဖို့.....သမီးကြိုးစားရမယ်နော်....."
"ဟုတ်ကဲ့....အဖေ...." *Crying*
အဲဒီဒဏ်ရာနဲ့သူမမျက်စိရှေ့မှာပဲငြိမ်ကျသွားတယ်။
သူမရဲ့ဖခင်ဆုံးပြီး၅နှစ်လောက်အကြာမှာတော့
SharonကSkate-shotရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။-
နောက်ထပ်၅နှစ်ကြာပြီးနောက်
Present.....Hayaoအမျိုးသမီးအထက်တန်းကျောင်းမှာ
Hamada Harumiဆိုတဲ့ဆံပင်နှစ်ခွနဲ့ကောင်မလေးတစ်ယောက်ကစာလုပ်ရင်းအိပ်ငိုက်နေတဲ့အချိန်သူမဘေးနားမှာထိုင်နေတဲ့ဆံပင်ဂုတ်ဝဲနဲ့သူမရဲ့အတန်းဖော်သူငယ်ချင်းMinato Asukaက"Harumi....Harumiထတော့....."
Harumiကိုနှိုးဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့်ဘာမှမတုံ့ပြန်တာကြောင့်ခဲဖျက်နဲ့သူမခေါင်းကိုချိန်ပြီးပစ်လိုက်တယ်။ခဲဖျက်နဲ့အပေါက်ခံလိုက်ရတဲ့
Harumiကပြန်နိုးလာပြီးဟိုကြည့်ဒီကြည့်နဲ့
YOU ARE READING
Skate-shot (スケート.ショット)
مغامرةHarumiဆိုတဲ့သာမန်အထက်တန်းကျောင်းသူတစ်ယောက် Skate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီရဲ့CEOနှင့်တွေ့ဆုံမိရာကနေ Skate-shotကိုကာကွယ်ဖို့City Riderအဖြစ် Harumiကိုကမ်းလှမ်းတဲ့အခါမှာတော့ Hayaoမြို့ကမှုခင်းတွေကိုဖြေရှင်းရင်း Skate-shotကိုသူမဘယ်လိုကာကွယ်မလဲ? "I w...