Arc 9 part 9

23 5 1
                                    

        ရှိုးတိုးရှန့်တန့်ဖြစ်မှုအနည်းငယ်ကြားမှပင် misaki သည် William ၏ လည်ပင်းတစ်လျှောက် နီရဲကာ အဖုအသေးလေးတွေ ရှိနေသည်ကို မြင်လိုက်၏။

        "ဘာဖြစ်လာတာလဲ" misaki သည် မျက်မှောင်ကျုံ့ရင်း လက်လှမ်းမိလိုက်သောအခါ William မှာ သက်သောင့်သက်သာမဖြစ်စွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

      " Daddy ဆရာဝန်" ထိုကဲ့သို့တစ်ဝက်တစ်ပျက် စကားလုံးများသည် သားအဖနှစ်ယောက်လုံးအတွက်တော့ သီးသန့်ဘာသာစကားလိုပင်။ မိခင်ရှိစဉ်ကတော့ စကားသံများကြောင့် နာမကျန်းဖြစ်နေသူ စိတ်မရှုပ်‌ရစေရန် လိုတိုရှင်းပြောကာ ဆက်သွယ်ခဲ့ကြပြီး နောက်ပိုင်းတွင် အကျင့်ကိုမပြင်နိုင်တော့ဘဲ ထိုကဲ့သို့သော စကားလုံးအပိုင်းအစများဖြင့်သာ ပြောသော်လည်း အချင်းချင်း နားလည်ခဲ့ကြသည်။ အခုလည်း Michael သည် အိမ်တော်ထိန်းအား ဆရာဝန်နှင့် ဆက်သွယ်ကာ အမြန်လာ‌ပေးဖို့ မှာလိုက်၏။

       Misaki သည် အဝတ်လဲရန်ဟူသော အကြောင်းပြချက်ဖြင့် အပေါ်ထပ်သို့ တက်သွားကာ William ကတော့ တောင့်တင်းစွာ မတ်တပ်ရပ်နေဆဲပင်။ သူက misaki ကို မုန်းလို့မဟုတ်ပါဘဲ တစ်ယောက်ယောက်ဆီမှ ထိုကဲ့သို့ ထိခိုက်သွားလားဟူ၍ စစ်ဆေးကာ ဂရုစိုက်ခံရခြင်းမျိုးနှင့် အသားမကျပါပေ။ ဒါက သူ့ကိုယ်သူ ကာကွယ်သည့်နည်းလမ်းပေမယ့် misaki ၏မျက်လုံးများမှ ဖော်ပြနေသော စိုးရိမ်ပူပန်ခြင်းတို့မှာ မသိချင်ယောင်ဆောင်ရန် ခက်ခဲလှသည်။ တစ်ဖက်တွင် သူ့အပေါ်အလွန်ကောင်းမွန်သည့် သူငယ်ချင်းများ ရှိနေပြီး တစ်ဖက်တွင်တော့ ထိုကောင်းမွန်မှုတို့ကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်သည့် Robert ရှိနေသည်။

       ညစ်ပေနေသော အဝတ်များအား ချွတ်ပစ်ပြီးနောက် ရေပန်းအား လှည့်ဖွင့်လိုက်သည်။ အချိန်ကိုက်ပင် 00 ဆီမှ တာဝန်ပြီးဆုံးသည့် အချက်ပေးသံထွက်လာ၏။ misaki သည် အစက အခန်း S မှ ပြဿနာရှာတတ်လွန်းသော အတန်းဖော်များကို အရင်ဖြေရှင်းချင်ခဲ့သော်လည်း ဇာတ်လိုက်မ၏ အမှောင်ဖုံးမှုမှာ ပိုကြီးမားသော ပြဿနာဖြစ်နေသည်။ တိုက်ဆိုင်စွာပင် ဇာတ်လိုက်မက ခွင့်ယူပြီး ဆေးရုံတက်နေသည့် အဘွားထံတွင် ပြုစုစောင့်ရှောက်မည့်အချိန်နှင့် ကိုက်နေသဖြင့် ပြန်မငြင်းဆန်တော့ဘဲ ကျောင်းနားခံရမည့်အပြစ်ကို လက်ခံခဲ့သည်။ ဒီရက်တွေအတွင်း misaki သည် ဆေးရုံတွင် အချိန်ပြည့်ရှိနေခဲ့ကာ မည်သူမှမသိစေဘဲ အဘွားအိုထံ၌ ပြဿနာတစ်စုံတစ်ရာမရှိစေရန် ဂရုစိုက်ခဲ့ရ၏။ ထိုအဘွားအိုသည် ဇာတ်လိုက်မ၏နောက်ဆုံးသော အသက်ကယ်ကြိုးဖြစ်သည်။ ဆုံးရှုံးလက်လွှတ်လိုက်ရပါလျှင် ဇာတ်လိုက်မသည် သေချာပေါက် အမှောင်ဖုံးကာ ဟိုမကောင်းဆိုးဝါးကူးပြောင်းသူ စေရာအတိုင်း လုပ်ဆောင်လိမ့်မည်ဖြစ်သဖြင့် အရေးကြီးသောတာဝန်ဟု ဆိုနိုင်သည်။ မထင်မှတ်ဘဲ William ကသာ  Robert အလိုရှိဆုံး ပစ်မှတ်ဖြစ်နေခဲ့ပုံပင်။

How to flirt with the final boss 2Donde viven las historias. Descúbrelo ahora