ယာခင်းထဲက ယင်းမာပင်တွေမှာ ယင်းမာပန်းတွေ
ပွင့်နေတယ် ဟုအဖေပြောသောကြောင့်
စု ဘုရားပန်းကပ်ချင်၍ အဖေနဲ့ယာခင်းထဲ လိုက်သွားခဲ့သည်။ ယာခင်းကအပြန်
အိမ်ဝိုင်းထဲရောက်တယ်ဆိုရင်ဘဲ ညီမအငယ်ဆုံးလေးက
စာအိတ်လေးကိုင်ပြီး စုဆီပြေးလာပြီး"မမစု သည်မှာ မမအေးဆီက" ဟုစာအိတ်တစ်အိတ် ကမ်းပေးလာသည်။
အငယ်လေးကို ဘုရားပန်းတွေရေပုံးထဲမှာထည့်ထားရန်
လက်လွှဲပေးလိုက်ပြီး စာအိတ်လေးကို ဖွင့်ဖတ်လိုက်သည်။
ရန်ကုန်ရောက်နေတဲ့ငယ်သူငယ်ချင်း အေးဆီမှစာဖြစ်သည်။
တစ်သီးတစ်သန့်နေတတ်ခဲ့တဲ့ဘဝတစ်လျှောက်လုံး တစ်ဦးတည်းရှိတဲ့ ငယ်သူငယ်ချင်းလည်းဖြစ်သည်။ အစကတည်းက
ဘဝအခွေအနေကှာလှတာကွောင့ျ အေး မြို့ကိုကျောင်းသွားတက်ကတည်းက ကွဲကွာနေရတာလည်းကြာပါပြီ။
ငယ်ငယ်ကဘဝအတွက်ဘာတွေရည်မှန်းခဲ့ပါစေ လက်ရှိမှာ
မိမိသည် စက်ချူပ် ၊ထမင်းချက် ၊အဝတ်တွေလျှော်ဖွတ်ရင်း
အိမ်အလုပ်တာဝန်တွေ ထမ်းဆောင်ခဲ့ရတာ မိခင်ကျန်းမာရေးကြောင့် ကျောင်းထွက်လိုက်ရကတည်းကဖြစ်သည်။ မိခင်ဆုံးပါးသွားတေ့ာ တာဝန်တွေ ပိုလို့ပင်များလာခဲ့သည်။အေး ကတေ့ာ သူမ သတိရကြောင်းနဲ့ သီတင်းကျွတ်ရုံးပိတ်ရက်ပြန်လာမည်ဖြစ်ပြီး
အငယ်၂ယောက် အတန်းတွေကြီးလာလို့
အခက်အခဲဖြစ်နေတာ သူသတင်းကြားကြောင်းနှင့်
ရန်ကုန်မှာ အလုပ်လာလုပ်ရန် တိုက်တွန်းထားသည့်စာပင်။သက်ပြင်းခပ်ဖွဖွချမိရင်း
အဖေ့ကို ဘယ်လိုပြောရမယ်ဆိုတာစဉ်းစား၍ဘယ်လိုမှမရ။
ယာခင်းမှ သီးနှံတွေကလည်းထိုက်သင့်သလောက်ရပေမယ့်
ပွဲစားများ ဈေးနှိမ်ဝယ်သောကြောင့် အိမ်အသုံးစားရိတ်၊
အငယ်နှစ်ယောက်ကျောင်းစရိတ်နှင့်အဆင်မပြေလှ။
စိုက်ပျိူးရင်းနှီးစရိတ်နုတ်လိုက်ပါက ဘာမျှပင်မကျန်။
စု အင်္ကျီချူပ်ခဆိုသည်မှာလည်း ရွာဆိုတေ့ာရွာဓလေ့အရ
ချူပ်ခများများစားစား မရ။ အထည်မထပ်ရအောင်ဝတ်နိုင်သူနည်းပါတာကြောင့်သိပ်လည်းမချူပ်ရပေ။
စီးပွါးရေးအဆင်မပြေ ပိုက်ဆံမရှိတာ မှန်ပေမယ့်
မာနကြီးလှတဲ့အဖေဟာ စုကို မြို့တက်အလုပ်လုပ်ဖို့လွယ်လွယ်နဲ့တေ့ာခွ့င်ပြုမှာ မဟုတ်။ စာအိတ်လေးအား စက်ခုံပေါ်တင်ရင်း" အေး "လာမှပဲ သူမနဲ့တိုင်ပင်ပြီး မီးစင်ကြည့်ကရတော့မှာပါပဲ။ အလုပ်ကတေ့ာ လုပ်ရမှဖြစ်မည်။ မောင်လေးနဲ့
ညီမလေးကို မိမိတုန်းကလို ပညာရေးတပိုင်းတစ နဲ့ရပ်လိုက်ရတာမျိူး လုံးဝ အဖြစ်မခံနိုင်ပါ။