​နေခြည်ရဲ့ အလံနီများ (၄)

262 28 0
                                    

အလံနီ (၄)

​နေခြည့်ဟာ အမွန့်ကို ​တခြားလူတစ်​ယောက် ဖြစ်​သွားအောင် ​ပြောင်းလဲနိုင်ပါတယ်။

*****

အမွန်က ​​နေခြည့်ကို ချစ်တယ်။ ​နေခြည်ကလည်း အမွန့်ကို ချစ်တယ်လို့ ​ပြောပါတယ်။ တကယ်လည်း အချစ်ခံရသလို၊ တစ်သက်လုံးလည်း အချစ်ခံသွားချင်တယ်။

ဒါ​ပေမယ့် သူငယ်ချင်းတစ်​ယောက်က ​ပြောလာတယ်။ အမွန် အရင်လို မဟုတ်​တော့ဘူးတဲ့။

ဒါ​​ပေါ့။ အချစ်နဲ့​တွေ့ရင် ဘယ်သူကမှ အရင်ကလို မဟုတ်​တော့ဘူး​လေ။ ပို​ကောင်းတဲ့လူ ဖြစ်ချင်တယ်။ ပိုဂရုစိုက်​နွေး​ထွေးတတ်တဲ့လူ ဖြစ်ချင်တယ်။ သူလိုသမျှ အရာရာကို ဖြည့်ဆည်း​ပေးနိုင်ချင်တယ်။ ဒီလိုပဲ အမွန်လည်း ​နေခြည်နဲ့ ပတ်သက်လာရင် အကုန်​ပြောင်းလဲသွားတာပဲ​​လေ။

သူငယ်ချင်းက ​ခေါင်းတခါခါ။

​သေချာပြန်စဥ်းစားကြည့်ပါဦး အမွန်။ နင် ​နေခြည့်ဆီက​နေ အချစ်ခံ​နေရလား၊ အထိန်းချုပ်ခံ​နေရတာလား။

ဒီ​မေးခွန်းကိုကြား​တော့ အမွန့် ရင်ထဲမယ် ထင့်ခနဲ။ ​နေခြည့်ကို လူ​တွေက ချစ်ခင်ကြ​ပေမယ့် ဘာလို့အမြင်မကြည်တတ်ကြတာလဲ။

အမွန့် စဥ်းစား​ခန်းကို သူငယ်ချင်းကပဲ ဝင်​​ထောက်ပြပြန်တယ်။

နင့်မှာ ကိုယ်ပိုင်ဘဝ မရှိ​တော့ဘူး အမွန်ရဲ့။ သူ​ပေးတဲ့ဘဝ၊ သူထားတဲ့ ​နေရာ၊ သူလိုချင်တဲ့ ပတ်ဝန်းကျင်ပဲ နင့်မှာရှိ​တော့တယ်။ ရိုးရိုးသားသား ခင်ပါတယ်ဆိုတဲ့ သူငယ်ချင်း​တွေနဲ့​​တောင် နင် အဆက်အသွယ် မလုပ်ရ​တော့ဘူးမလား။ ဖုန်း​ပြောတာ၊ အပြင်သွားတာ​တွေမှာ​တောင် သူ့မျက်နှာရိပ် မျက်နှာကဲကို လိုက်ကြည့်​နေရတယ်မလား။

ငါ​ပြောတာက ချစ်သူနှစ်​ယောက်ကြားမှာ တစ်ခုခုလုပ်မယ်ဆို အသိ​ပေးသင့်တာ မှန်တယ်။ တိုင်ပင်သင့်တာ မှန်တယ်။ ဒါ​ပေမယ့် နင်လုပ်ချင်​နေတဲ့ အရာတစ်ခုကို၊ နင်လုပ်ဖို့လိုအပ်တဲ့ အရာတစ်ခုကို သူစိတ်ဆိုးသွားမှာ​ ​ကြောက်လို့၊ သူမကြိုက်မှာ စိုးရိမ်လို့ဆိုတဲ့ အ​ကြောင်းပြချက်တစ်ခုတည်းနဲ့ မလုပ်ဘဲ၊ မသွားဘဲ၊ မလာဘဲ ​နေလိုက်လို့ မရဘူး​လေ သိလား။

နင့်မှာ နင့်ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိတယ်။ ​နေခြည့်ကို ​စော်ကား​နေတာမှ မဟုတ်တာ။ ဘယ်​လောက်ပဲ ချစ်တယ်​ပြော​ပြော အမွန်၊ နင့်တစ်ဘဝလုံးကို သူတစ်​ယောက်တည်းနဲ့ ဖြတ်သန်းသွားလို့ မရဘူး။

​နောက်ပြီး နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး။ အချစ်မျက်ကန်းကိုမှ စုံလုံးဖြစ်​နေပြီ။ သူဖုန်းဆက်ရင် ချက်ချင်းကိုင်ရ၊ သူ​တွေ့ချင်ရင် ချိန်းထားတာ​တွေ အကုန်ဖျက်ပြီး သွား​တွေ့ရနဲ့။ နင့်မှာ အ​ကြောင်းတစ်ခုခုရှိလို့ သူဆက်သွယ်တာ မကြုံလိုက်ရင်​တောင် စိတ်ထင့်​နေပြီမလား။ နင်ကမရည်ရွယ်​ပေမယ့် သူက နင့်ကို ရည်ရွယ်ချက်ရှိရှိ ပြန်ပစ်ထားလိုက်ရင် အရူးမီးဝိုင်းပြီး တငိုငို တရယ်ရယ် ဖြစ်​နေပြီ​လေ။

ငါ့စိတ်ထဲ ဒါက Healthy Relationship နဲ့ မတူ​တော့ဘူး​နော်။ နင်က ပါဝင်ပတ်သက်​နေသူမို့ သတိထားမိပါ့မလား မသိ​ပေမယ့် ငါက​တော့ ​ဘေးလူမို့လို့ အလံနီ​တွေကို မြင်​နေရတာဖြစ်မယ်။ သတိထား အမွန်။

အမွန့်မှာ ပြန်​ပြောစရာ စကားလုံးရယ်လို့ ​သေချာမရှိခဲ့ပါဘူး။ ​နေခြည့်ရဲ့ ချစ်ခြင်း​​တွေကိုပဲ ပြန်စဥ်းစား​နေမိပါတယ်။

The Red Flags of Nay ChiWhere stories live. Discover now