""ချစ်ပါရစေတေ့ာကွယ်"___ အခန်း ၄
မြောက်ပြန်လေအေးအေးသည် တိုက်အမြင့်ကို ဖြတ်၍တိုက်နေသည်။ ဆောင်းညသည် မှုန်မှုန်မှိုင်းမှိုင်းရှိနေ၏။အထပ်မြင့်တိုက်ခန်းတွေမှာ ရန်ကုန်ဆောင်းဟာဆောင်းပိုဆန်သလိုလိုပါ။ သန်းခေါင်ချိန်ကျော်လွန်စပြုပြီ သို့သော် စု အိပ်မပျော်နိုင် သေး။
အေးစိမ့်စိမ့် ရှိတာမို့ ပြတင်းတံခါးအား စု ထပိတ်လိုက်သည်။
တစ်ယောက်တည်းဆိုတဲ့ အသိက စိတ်ထဲကြီးစိုးနေသည်။ အေး မန္တလေးသွားကတည်းက သည်လိုညတွေများစွာဖြတ်သန်းခဲ့ရမြဲပေမယ့် စုအတွက် နေသားမကျခဲ့။
သူ့အိမ်ပြန်သွားတာဆိုလျှင် ကိစ္စမရှိပေမယ့် ဟိုသူငယ်ချင်းအိမ် အိပ် တယ် သည်သူငယ်ချင်းအိမ် အိပ်တယ် ဆိုတဲ့
အကြောင်းပြချက်တွေဟာ ဘယ်လိုမှသဘာဝမကျ စုမှာလည်း မောင်လေး ညီမလေးတွေရှိတာမို့ ကိုယ်ချင်းစာစိတ်ပူမိသည်။ သူ့ကိုယ်သူ မိန်းကလေးဆိုတာကော သတိရသေးရဲ့လား အေးးကိုပေးထားတဲ့ ကတိတည်ဖို့အတွက်သူ့ကို စု လွှတ်မထားနိုင်တေ့ာ ပြောသင့်တာပြောရမည်။မကျေနပ်၍ မနေစေချင်ဘူးဆိုလည်း ထွက်သွားရုံသာ။အချိန်အတော်နောက်ကျမှအိပ်ပျော်သွားသည်ကြောင့်ထင်ပါရဲ့ခါတိုင်းအိပ်ရာထချိန်ထက် နာရီဝက်လောက် နောက်ကျပြီးမှ နိုးလေသည်။
မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ဧည့်ခန်းထဲမှာသန့်ရှင်းရေး လုပ်နေရင်း စိတ်လိုလက်ရ သီချင်းဆိုနေမိသည်။
"ငွေနှင်းရယ်မှုန် လေညင်းရယ်တုန်သောတစ်ညဆီချစ်ခွန်းဝေရွှန်း လမင်းရှက်အောင်ချစ်သက်နှောင်ခဲ့ ကိုယ်မမေ့ပါလေသည် မြောက်လေသုန့်ဖြန်း ချမ်းရှာအေးရှာရော့မည် ရင်ဝယ်ထွေးကာ...အမလေး ဘုရား!
ကြက်မွေးတစ်ချောင်းဖြင့် ဧည့်ခန်းစားပွဲအောက်ကဖုန်တွေကိုသုတ်ပြီး ခေါင်းပြန်အမော့
မားမားကြီး ရပ်နေတဲ့သူ့ကို တွေ့လိုက်ရသည်
"မင်း အသံမပေး ဘာမပေး"
လူတစ်ယောက်လုံး တံခါးဖွင့်ဝင်လာတာ တံခါးပြန်ပိတ်တာအထိ မသိတဲ့ မိမိကိုယ်ကိုယ်လည်း အပြစ်တင်မိသည်။